M446E1225KC446MT446

သခင်၏ခန္ဓာတော်သိရန်

အသင်းတော် - ခရစ်တော်၏ကိုယ်ခန္ဓာတော်

21

Verse 1

သခင်၏ခန္ဓာတော်သိရန်

ယနေ့အလွန်လိုအပ်လှ

အင်္ဂါများ၌ ကိုယ်တော်ရှိနေ

ဤရာကို မြင်ရန် ဆုတောင်း။

ဦးခေါင်းတော်ကို တစ်ဦးချင်းဖြင့်

သိရုံသာမလုံလောက်ပါ

လူဇာတိခံခြင်းမြင်ရန်လို

ခရစ်တော်-ခန္ဓာတော်ရှိ။

Verse 2

ဤရာကို သန့်ရှင်းသူများရှာ

စစ်မှန်ခြင်းကို တောင့်တကြ

အထက်သို့မျှော်၊ အတွင်းရှာဖွေ

ကိုယ်တော်ကို မြင်ရန် ဆာငတ်။

ကောင်းကင်၌ ခရစ်တော်ဖွင့်ပြ

ခန္ဓာတော်ထင်ရှားမူပြီ

ကျွန်ုပ်တို့၌ရှိ ခရစ်တော်

ခန္ဓာတော်အဖြစ် ထင်ရှား။

Verse 3

ဘဝင်မြင့်သောစဉ်းစားခြင်းဖြင့်

လမ်းမှားသို့ ရောက်မည်သိရှိ

အတ္တဖြင့် ကိုယ်တော်ကို ရှာဖွေ

စစ်မှန်ခြင်းကို မထိတွေ့။

ကိုယ်တော်၏အင်္ဂါချင်းများ၌

ကိုယ်တော်ကို မြင်ရန်လိုအပ်

ကျွန်ုပ်တို့၌ ကိန်းဝပ်မူရန်

သွေးသား၌ ဘုရားထင်ရှား။

Verse 4

ကန့်သတ်ပါ-ကျွန်ုပ်လွတ်လပ်ခြင်း

ခန္ဓာတော်သို့ ရောက်စေပါ

ကောင်းကင်အလင်းရှာရုံမက

သင်းတော်၏အာရုံသင်ယူ။

တည်ဆောက်ခြင်းတွက် ကျောက်ဖြစ်စေပါ

အသုံးမရမြေမဟုတ်

အလိုတော်တွက် ရယူမူပါ

ကိုယ်တော်တိုင် စုပေါင်းပြဖော်။

Hymn details

စာသား: N. N.

သံစဉ်: J. D. Sankey

Meter: 8.7.8.7.D.

Key: F Major

Time: 3/4

Audio