ယခင်ကျွန်ုပ်အပြစ်၌သေနေ
အသင်းတော် - လူသစ်တစ်ဦး
Verse 1
ယခင်ကျွန်ုပ်အပြစ်၌သေနေ
လောက၌ အစဉ်တိုင်းမရှိခဲ့
သို့သော်ဘုရားရှင်သန်စေမူပြီ
သခင်နှင့်အတူထိုင်ရန် ထမြောက်စေပြီ။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Verse 2
ဘုရားသခင်၏ကျယ်ပြန့်ခြင်းများ
သန့်ရှင်းသူများအားလုံးသိမြင်ရ
ခရစ်တော်၏မေတ္တာလွန်ကြီးမား
ကျွန်ုပ်တို့အတူ ဖြည့်ခံ၊ ဘုရားနှင့်ပြည့်။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Verse 3
ဘုရားသခင်၏အကြံစည်တော်
နက်နဲခြင်းကို သိမြင်ခွင့်ရပြီ
ခရစ်တော်နှင့်အသင်းတော်ကိုမြင်
တစ်လုံးတစ်ဝဖြင့် ရန်သူကို ရှက်ကြောက်စေ။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Verse 4
ဘုရားထံ ကျွန်ုပ်တို့ဆုတောင်းရာ
ခိုင်ခံ့မြဲမြံအတွင်းလူဖြစ်ရန်
စိတ်နှလုံး၌ ကိုယ်တော်အိမ်ဆောက်ပါ
မေတ္တာတော်၌ ခိုင်ခံ့အမြစ်စွဲစေပါ။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Verse 5
ခန္ဓာတော်၌ စေ့စပ်ထုံးဖွဲ့ကြ
အင်္ဂါဝင်များ ခရစ်တော်မစ
ကိုယ်ငန်းကိုယ်တာ အမှုဆောင်ရွက်ကြ
မေတ္တာ၌ အားလုံးကြီးရင့် ခန္ဓာတော်မြင်။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Verse 6
ကြံစည်တော်ကို ပြီးမြောက်ပြည့်စုံစေ
ကြံစည်တော်သည်- လူသစ်တစ်ဦး
ယေရှုခရစ်နှင့်အသင်းတော်၌
ကိုယ်တော့်ဘုန်းတော်ထာဝရထင်ရှား၊ အာမင်။
chorus
ယေရှု၊ တစ်လုံးတစ်ဝပေါင်းစည်းပေး
ကြည့်ရှုပါ၊ သန့်ရှင်းသူများညီညွတ်
မေတ္တာတော်သည် စေ့စပ်ထုံးဖွဲ့ပေး
သခင်၏ပြည့်ဝခြင်းသို့ ရောက်ရှိသည့်တိုင်။
Hymn details
Meter: Peculiar Meter
Key: G Major
Time: 4/4
Audio