ပညတ်မှ ခရစ်တော်ထံပြန်
အသင်းတော် - ဘုရားသခင်၏မြို့တော်
Verse 1
ပညတ်မှ ခရစ်တော်ထံပြန်
ကျေးဇူးတော်၌ ကိုးစားသင်ယူ
ဘုန်းတော်ဖြင့် ပိုင်းခြားသိမြင်ရ
ကိုယ်တော်ကို အလေးထား။
chorus
ကိုယ်တော်ကို အလေးထား
ကိုယ်တော်ကို အလေးထား
ဘုန်းတော်ဖြင့် ပိုင်းခြားသိမြင်ရ
ကိုယ်တော်ကို အလေးထား။
Verse 2
အိမ်တော်၌ကိန်းရန် ခေါ်ဆောင်ပေး
ထိုနေရာ ချီးမွမ်းခြင်းပြည့်ညံ
အို ၊ ဟာလေလုယာ မြွက်မနိုင်
အိမ်တော်ချစ်ဖွယ်ကောင်းလှ။
chorus
အိမ်တော်ချစ်ဖွယ်ကောင်းလှ
အိမ်တော်ချစ်ဖွယ်ကောင်းလှ
အို ၊ ဟာလေလုယာ မြွက်မနိုင်
အိမ်တော်ချစ်ဖွယ်ကောင်းလှ။
Verse 3
အိမ်တော်ကျယ်ပြန့် မြို့တော်ဖြစ်လာ
လူမျိုးအပေါင်းတို့ ဝမ်းမြောက်ရာ
ဘုရားစိုးစံသောနေရာမှာ
သန့်ရှင်းဇိအုန်တောင်ပေါ်။
chorus
သန့်ရှင်းဇိအုန်တောင်ပေါ်
သန့်ရှင်းဇိအုန်တောင်ပေါ်
ဘုရားစိုးစံသောနေရာမှာ
သန့်ရှင်းဇိအုန်တောင်ပေါ်။
Verse 4
ဇိအုန်မှ မြေကြီးကို ဆောင်ယူ
ကိုယ်တော်စိုးစံ လူများဝမ်းမြောက်
ကိုယ်တော်ကို လူအပေါင်းချီးမွမ်း
ဝမ်းမြောက်သီချင်းကျူးဧ။
chorus
ဝမ်းမြောက်သီချင်းကျူးဧ
ဝမ်းမြောက်သီချင်းကျူးဧ
ကိုယ်တော်ကို လူအပေါင်းချီးမွမ်း
ဝမ်းမြောက်သီချင်းကျူးဧ။
Verse 5
ခရစ်တော်၊ အိမ်တော်၊ မြို့တော်မြင်
ဘုရား၏စီမံကိန်းပြီးမြောက်
အို ညီကိုများ အဆုံးစွန်တိုင်
ကိုယ်တော်နှင့်ပေါင်းစည်းစို့။
chorus
ကိုယ်တော်နှင့်ပေါင်းစည်းစို့
ကိုယ်တော်နှင့်ပေါင်းစည်းစို့
အို ညီကိုများ အဆုံးစွန်တိုင်
ကိုယ်တော်နှင့်ပေါင်းစည်းစို့။
Hymn details
သံစဉ်: Ira David Sankey
Meter: 8.8.8.6. with chorus.
Key: D Major
Time: 6/8
Audio