အိုသန့်ရှင်းအဖ၊ ကြင်နာမေတ္တာရှင်
ခမည်းတော်ကို ကိုးကွယ်ခြင်း - ရွေးနုတ်ခြင်း
Verse 1
အိုသန့်ရှင်းအဖ၊ ကြင်နာမေတ္တာရှင်
တစ်ပါးတည်းသောသားတော်ကို ပေးအပ်ပြီ
ထက်ကောင်းကင်လက်ယာတော်၌ ထိုင်စေပြီ
ယုံကြည်ခြင်းဖြင့် ကိုယ်တော်နှင့်တစ်ဝိညာဉ်
ဤမုန့်နှင့်ခွက်ကို စားသောက်ဆက်ဆံရ
ပေးလှူပူဇော်ခဲ့သောယဇ်ကို အောက်မေ့။
Verse 2
ကိုယ်တော့်သားများဖြစ်ရန် မထိုက်တန်ပါ
ကိုယ်တော့်စားသောက်ပွဲ၌ ပါဝင်မထိုက်
သို့သော်နောင်တရသူအား ကြည့်မူပြီ
ကျွန်ုပ်တို့တွက် ရှေ့နေ၊ ယဇ်ပုရာဟိတ်
ကရုဏာရွှေခေါင်းလောင်းပန်းပွားဆင်ရင်
တိုင်းဆမဲ့ကြင်နာမှုပြည့် ရင်ခွင်တော်။
Verse 3
ကြားမူပါ၊ ကိုယ်တော်၌ အမြဲကြားပြီ
ကြည့်မူပါ၊ ဖိုးထိုက်သွေးတော်ဖြင့် ဖြန်းပြီ
ခေရုဗိမ်အကြားမှ ဘုန်းထွန်းလင်းပြီ
ကောင်းကင်ဆိုင်ရာအစာကို မစပြီ
ကြွလာမည့်ဘုန်းတော်ကို မြည်းစမ်းရပြီ
အဖ၏ကောင်းချီး၊ အဖ၏ပြုံးပန်း။
Verse 4
ကရုဏာပလ္လင်ကို ထားရစ်နီးပြီ
သန့်ရှင်းကတိတော်ဖြင့် ချည်နှောင်ခံပြီ
စိတ်နှလုံးအပ်နှံ၊ လွတ်ခြင်းချမ်းသာရ
ဖြစ်သမျှ၊ ရှိသမျှ ထံတော်အပ်ပြီ
နေ့ရက်ကာလများ လုံးလုံးအပ်နှံပြီ
ယခုမှစ ထာဝရ ချီးမွမ်းမည်
Hymn details
စာသား: Edward Henry
သံစဉ်: William Henry Monk
Meter: 10.10.10.10.10.10.
Key: D Major
Time: 4/4
Audio