အဗ္ဗအဖကို လေးမြတ်သည်
ခမည်းတော်ကို ကိုးကွယ်ခြင်း - ရွေးနုတ်ခြင်း
Verse 1
အဗ္ဗအဖကို လေးမြတ်သည်
ကိုယ်တော့်ကို ချီးမွမ်းပါသည်
ကိုယ်တော့်သားများဖြစ်ခွင့်ရပြီ
အဖဟုခေါ်ခွင့်ရပြီ
ထက်ရပ်အမွေခံရကြပြီ
သွေးတော်ဖြင့် ခမဲ့လက်ဆောင်
ဝိညာဉ်တော်သည် ဝိညာဉ်နှင့်တူ
သားများဖြစ်ကြောင်းသက်သေခံ။
Verse 2
ကြံစည်တော်တွက် ကျွန်ုပ်ဖြစ်ခြင်း
ခရစ်တော်၌ စီမံခဲ့
မြေကြီးတိုက်မြစ်မချမီပင်
ခရစ်တော်၌ ရွေးချယ်ခဲ့။
အိုအဖ၏ကြီးမားမေတ္တာ
ကိုယ်တော့်ရှေ့မည်မျှဖိုးထိုက်
တစ်ပါးတည်းသောသားတော်စွန့်ခဲ့
နှစ်သက်မြတ်နိုးရာချစ်သား။
Verse 3
အာဒံ၌ ကျွန်ုပ်တို့ကျဆင်း
ဘုရားထံမှ တံခါးပိတ်
ဘုရား၏တိုင်ပင်စီမံခြင်း
သွေးတော်ဖြင့် ထံတော်နီးစေ
ကိုယ်တော်၌ ရွေးနုတ်ခြင်းမြင်ရ
ကျေးဇူးတော်ဝမ်းမြောက်ရပြီ
မြင့်မားနက်နဲကရုဏာတော်
ကိုယ်တော်နှင့်တစ်လုံးတစ်ဝ။
Verse 4
ရာသီပြောင်းလဲ၊ ခက်ခဲ၊ ဖျားနာ၊
ပူဆွေး၊ ဘေး၊ မည်သို့ကြုံစေ
ကိုယ်တော့်မေတ္တာပြောင်းလဲမသွား
မေတ္တာတော်ဖြင့် ပတ်ရစ်ထား
သွေးတော်ဖြင့် ရွေးဝယ်ခံသားများ
ပလ္လင်တော်ပတ်လည်ချီးမွမ်း
ကြွယ်ဝကယ်တင်ခြင်းသီချင်းများ
ထာဝရအစဉ်ချီးမွမ်း။
Hymn details
စာသား: Robert Stephen Hawker
သံစဉ်: Anon.
Meter: 8.7.8.7.D.
Key: Eb Major
Time: 4/4
Audio