M43E43KC43MT43

ဖိုးထိုက်ကယ်တင်ရှင်နာမ၌

ခမည်းတော်ကို ကိုးကွယ်ခြင်း - ရွေးနုတ်ခြင်း

21

Verse 1

ဖိုးထိုက်ကယ်တင်ရှင်နာမ၌

" အဗ္ဗအဖ "ထံ ချဉ်းကပ်

ကိုယ်တော့်သားများစုဝေးကြကာ

ကတိတော်ကောင်းချီးကြွေးကြော်

သွေးတော်ဖြင့် ပြစ်များဆေးကြောပေး

ကိုယ်တော်ဖြင့် ထံတော်နီးစေ

ဝိညာဉ်တော်သည် သွန်သင်ပေးပြီ

" အဗ္ဗအဖ "ဟု ခေါ်စေ။

Verse 2

ယခင်ပျောက်သောသားဖြစ်ခဲ့သည်

ထံတော်မှဝေး၊ မိုက်မဲခဲ့

ကြွယ်ဝသောကျေးဇူးတော်အားဖြင့်

စိတ်ဆင်းရဲရာမှ ကယ်နုတ်

ကယ်တင်ခြင်းဝတ်လုံကို ခြုံပေး

စားပွဲတော်၌ နေရာပေး

ကိုယ်တော်နှင့် ကျွန်ုပ်တို့ဝမ်းမြောက်

ကြွယ်ဝသောကျေးဇူးတော်ဖြစ်။

Verse 3

ပျောက်သောသားကို ခွင့်လွတ်မူပြီ

အဖမေတ္တာ" နမ်းမူပြီ "

" ဆူဖြိုးသောနွားကို သတ်စေကာ "

ကြံစည်တော်ကို သက်သေထူ

" ပြည့်စုံပြီ " မိန့်တော်မူသံကြား

" ရွှင်လန်းဝမ်းမြောက်စားသောက်စို့၊

ပျောက်သောသားကို ခုပြန်တွေ့ပြီ

သေရာမှ အသက်ရှင်ပြီ "။

Verse 4

'' အဗ္ဗအဖ ''ကို လေးမြတ်သည်

ထက်ကောင်းကင်ရှိ ဗိုလ်ခြေများ

ကျွန်ုပ်ရှိ အံ့ဖွယ်ပညာတော်

ကျေးဇူး၊ မေတ္တာတော် သင်ယူ

ပလ္လင်တော်ရှေ့ စုဝေးကြရာ

ကိုယ်တော်၏သားများကြွေးကြော်

ရွေးနုတ်ခြင်း၌ မေတ္တာပြပြီ

အဖနာမပြည့်စုံလှ။

Hymn details

စာသား: James George Deck

သံစဉ်: Franz Joseph Haydn

Meter: 8.7.8.7.D.

Key: Eb Major

Time: 4/4

Audio