M433E841KC433MT433

ကျွန်ုပ်အသက်ကိုယ်တော်

အသင်းတော် - တည်ဆောက်ခြင်း

21

Verse 1

ကျွန်ုပ်အသက်ကိုယ်တော်

ကျွန်ုပ်၌သက်ရှင်

ဘုရားပြည့်ဝခြင်းများ

ကျွန်ုပ်အား ပေးထား

ကိုယ်တော်၏သန့်ရှင်းခြင်း

ကျွန်ုပ်ကို သန့်စင်

ကိုယ်တော်ထမြောက်ခြင်းဖြင့်

အောင်မြင်မှုရစေ။

Verse 2

ကိုယ်တော်သက် ယခုစီး

အလင်းကို ပေးမူ

ဝိညာဉ်၌ ဆောင်ယူကာ

မိတ်ဖွဲ့ပေးမူပြီ

လိုအပ်ရာမစကာ

ကိုယ်တော်တောင်းဆိုရာ

သန့်ရှင်းခြင်းဖြင့် ဦးဆောင်

ကိုယ်တော်၌ ရပ်တည်။

Verse 3

ဝိညာဉ်တော်ဘိသိက်ပေး

ကျွန်ုပ်၌ ပျံ့နှံ့

ဝိညာဉ်နှင့်စိတ်အားလုံး

ကိုယ်တော်နှင့်ပြည့်ဝ

ပုံသဏ္ဌာန်ပြောင်းလဲလာ

ကိုယ်တော်သဏ္ဌာန်တူ

ကိုယ်တော်သက်ပေးမူရာ

ရင့်ကျက်ဖို့ရန်သာ။

Verse 4

ကိုယ်တော်ကြွယ်ဝသက်တာ

စီးဆင်းပေးစေကာ

လန်းဆန်းမှုဖြစ်စေရာ

အာဏာတော်ပေးပြီ

သေခြင်းကို ရှင်ခြင်းနိုင်

ခွန်အားရှိစေမူ

ချည်နှောင်ရာ ဖြိုခွင်းကာ

ချီးမွမ်းစေမူပြီ။

Verse 5

ကိုယ်တော်ကို ဆက်ကပ်လို

ပြည့်ဝစေမူပါ

ကိုယ်တော်အလိုတော်ကို

ကျွန်ုပ်၌ ဖြည့်ပါ

ကျွန်ုပ်ရုန်းကန်မပြု

ကိုယ်တော်ပြုပြင်ပါ

ကျွန်ုပ်အလိုတား၍

ကိုယ်တော်သုံးပြုပါ။

Verse 6

ချည်းနှီးကြိုးစားသက်တာ

ပြည့်ဝရပ်တန့်ကာ

သဏ္ဌာန်ပြောင်းလဲခြင်းခံ

ပြည့်ဝလွတ်မြောက်လာ

ခြားသူနှင့်တည်ဆောက်ရာ

ကျွန်ုပ်၌ကိုယ်တော်

ပြည့်ဝထင်ရှားလာကာ

ကိုယ်တော်ဘုန်းထွန်းလင်း။

Hymn details

စာသား: Witness Lee

သံစဉ်: Frances Ridley Havergal

Meter: 6.5.6.5.D.

Key: G Major

Time: 4/4

Audio