ဇာတိ၊ အတ္တမှ လွတ်မြောက်ကာ
အသင်းတော် - တည်ဆောက်ခြင်း
Verse 1
ဇာတိ၊ အတ္တမှ လွတ်မြောက်ကာ
သန့်ရှင်းသူများနှင့်အတူ
ဗိမာန်တော်အဖြစ် တည်ဆောက်ခံ
ဘုန်းတော်ကို မြင်ရအမှန်
ထူးခြားခြင်း၊ သီးသန့်ဖြစ်ခြင်းမှ
ကျွန်ုပ်လွတ်မြောက်ခြင်းခံရ
ကိုယ်တော်၏ကိန်းဝပ်နေရာတွက်
ကျွန်ုပ်၏သက်တာပေးအပ်။
Verse 2
ဘုရားအသက်စီးဆင်းခြင်း၌
ကြီးထွားကာ၊ သဏ္ဌာန်ပြောင်းလဲ
သန့်ရှင်းသူများနှင့်စုပေါင်းကာ
သဏ္ဌာန်တော်၌ တည်ဆောက်ခံ
ခန္ဓာတော်၌ အစဉ်တကျ
အလိုတော်တိုင်း လှုပ်ရှားလုပ်ဆောင်
ခြားသူကို အစေခံ၊ ကူညီ
ကြံစည်တော်ပြီးမြောက်ပြည့်စုံ။
Verse 3
တတ်သိခြင်း၊ အတွေ့အကြုံဖြင့်
ကိုယ်ကို ချီးမြှောက်ခြင်းမပြု
ခန္ဓာတော်၏ညှိညွှတ်ပေးခြင်း
ကျွန်ုပ်အစဉ်ဝန်ခံမည်
ဦးခေါင်းတော်ကို ကိုင်စွဲကြီးထွား
လမ်းတော်၌ အစဉ်တိုးပွား
အဆစ်အပိုင်းများမစရာ
နေ့စဉ်စေ့စပ်ထုံးဖွဲ့ခံ။
Verse 4
ဝိညာဉ်တော်ခွန်အားပေးခြင်းဖြင့်
အတွင်းလူ တန်ခိုးရှိလာ
အလျား၊ အနံ၊ အမြင့်ရှိသော
ကြီးမားမေတ္တာတော်သိရ
ကြွယ်ဝခြင်းများအစဉ်ယူဆောင်
ကိုယ်တော်၏ပြည့်စုံခြင်းတိုင်
လူသားထဲ အစဉ်ကြီးထွားရာ
ခန္ဓာတော်တည်ဆောက်ခြင်းမြင်။
Verse 5
အိမ်တော်နှင့်ကိုယ်ခန္ဓာတော်၌
တည်ဆောက်ခံရန် မျှော်လင့်လှ
ဤစုပေါင်းတန်ဆာပလာ၌
ကိုယ်တော်၏ဘုန်းတော်မြင်ရ
သတို့သမီး၊ ဘုန်းကြီးမြို့တော်
မြေကြီးပေါ်ထင်ရှားလာရာ
မီးခုံတိုင်၏တောက်ပအလင်း
မြေကြီးတစ်ပြင်လုံးထွန်းလင်း။
Hymn details
စာသား: Witness Lee
သံစဉ်: Arranged from Emmelar
Meter: 8.7.8.7.D.
Key: D Major
Time: 3/2
Audio