ကျွန်ုပ်ဝိညာဉ်စီးဆင်း
အသင်းတော် - တည်ဆောက်ခြင်း
Verse 1
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
ကိုယ်တော်၊ ကျွန်ုပ်ရှာဖွေ
အို စီးဆင်လေ
အတိတ်ကို မေ့ထားခဲ့
သံနံရံချိုးဖဲ့ခံ
ဝိညာဉ်လွတ်လပ်စီးဆင်း
အို စီးဆင်းလေ။
Verse 2
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
ကိုယ်တော်ထံ ခုတောင်းလျှောက်
အို စီးဆင်းလေ
အတ္တကျေနပ် မရှာ
အတ္တမာန မရှိ
ဝိညာဉ်ချည်နှောင်မခံ
အို စီးဆင်းလေ။
Verse 3
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
ကိုယ်တော်ထံ တောင်းလျှောက်ရာ
အို စီးဆင်းလေ
ဘဝင်မြင့်ခြင်း မရှိ
မာနဖြင့်ချည်နှောင်ကင်း
စဉ်ဆက်မပြတ်စီးဆင်း
ဝိညာဉ်၌စီး။
Verse 4
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
ကိုယ်တော်ထံ ဆုတောင်းရာ
အို စီးဆင်းလေ
သီးခြားနေခြင်း မရှိ
အတ္တစုံလင် မရှာ
ဝိညာဉ်ဆုတ်ယုတ် မရှိ
နက်နဲစီးဆင်း။
Verse 5
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
ကိုယ်တော်ထံ တောင်းလျှောက်ရာ
အို စီးဆင်းလေ
အတ္တကိုးစားခြင်းစွန့်
အတ္တပလ္လင်မှဆင်း
အသက်စမ်းရေ စီးဆင်း
ဝိညာဉ်၌ရှိ။
Verse 6
ကျွန်ုပ်ဝိညာဉ်စီးဆင်း
အို စီးဆင်းလေ
အဖြေပေးမူပါလေ
အို စီးဆင်းလေ
ကိုယ်တော်နှင့်ပေါင်းစည်းပြီ
တည်ဆောက်ခြင်းကို တောင့်တ
ခြားသူနှင့်လည်း ပေါင်းစည်း
ဝိညာဉ်၌ရှိ။
Hymn details
စာသား: Witness Lee
သံစဉ်: W. R. Braine
Meter: 6.4.6.4.6.6.6.4.
Key: Eb Major
Time: 2/2
Audio