အသင်းတော်၏အမြစ်ကား၊ ယေရှုခရစ်ပေတည်း
အသင်းတော် - အသင်းတော်၏တိုက်မြစ်
Verse 1
အသင်းတော်၏အမြစ်ကား၊ ယေရှုခရစ်ပေတည်း
ရေနှင့်၊ နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခြင်း အသစ်ဖြစ်
သန့်ရှင်းသတို့သမီးကို၊ ရှာရန် ဆင်းကြွမူပြီ
သွန်းလောင်းသွေးတော် ဝယ်ယူရာ စွန့်သက်တော်ရှင်စေပါ။
Verse 2
လူမျိုးစုံမှ ရွေးကောက်ကာ၊ တစ်စုတည်းဖြစ်စေပြီ
တစ်ပါးတည်းသော သခင်နှင့်၊ ယုံကြည်ခြင်း၊ မွေးဖွားခြင်း
သန့်ရှင်းနာမတစ်ခုတည်း၊ သန့်ရှင်းအစာ ယူဆောင်
တစ်ခုတည်းသော မျှော်လင့်ခြင်း ကျေးဇူးတော်ဖြင့် အားထုတ်။
Verse 3
ညှင်းဆဲဒုက္ခမျိုးမျိုးနှင့်၊ သင်းတော်စစ်ပြိုင်နေစဉ်
ထာဝရ ငြိမ်သက်ခြင်း၏ ပြည့်စုံခြင်းမျှော်လင့်နေ
ဘုန်းထင်ရှားရူပါရုံကို မျက်စိတွေ့မြင်သောခါ
ကြီးမြတ်သင်းတော် အောင်မြင်ခြင်း၊ နားခိုခြင်း၌ တည်လေ။
Verse 4
သုံးပါးတစ်ပါးဘုရားနှင့် သူမ မြေပေါ်ပေါင်းစည်း
သေလွန်သန့်ရှင်းသူများနှင့် ချိုမြိန်သော မိတ်ဖွဲ့ခြင်း
သန့်ရှင်းသူများနှင့် ဝမ်းမြောက်၊ ကျေးဇူးတော်ပေးမူပါ
နူးညံ့နှိမ့်ချခြင်းအားဖြင့်၊ ကိုယ်တော်နှင့်တူ ကိန်းဝပ်။
Hymn details
စာသား: Samuel John Stone
သံစဉ်: Samuel Sebastian Wesley
Meter: 7.6.7.6.D.
Key: Eb Major
Time: 4/4
Audio