သင်းတော်မျိုးစေ့ကို ခရစ်တော်ချခဲ့
အသင်းတော် - လမ်းကြောင်း
Verse 1
သင်းတော်မျိုးစေ့ကို ခရစ်တော်ချခဲ့
သက်မျိုးစေ့ကို စိတ်နှလုံးထဲမျိုးကြဲ
ဂျုံစပါးကြီးထွား၊ ဂျုံမှုန့်ကိုထုတ်လုပ်
ဂျုံမုန့်ကို ဘုရားနှင့်လူဝမ်းမြောက်ရ။
Verse 2
ယုံကြည်သူအတု စာတန်မျိုးကြဲခဲ့
ဂျုံမျိုးစေ့အလယ် တောမျိုးစေ့ရှိလာ
ရှုတ်ထွေးမှုဆောင်လာ၊ ကြီးထွားမှုတားဆီး
ဘုရားကြံစည်တော်ကို မပြီးမြောက်စေ။
Verse 3
သင်းတော်သက်တာသည် သီးနှံပင်နှင့်တူ
မုန်ညင်းစေ့ကဲ့သို့ ခရစ်တော်ကြီးထွား
မထင်ရှားယာယီ၊ မြေကြီးပေါ်သေးငယ်
ဆာမွတ်သူအဖို့ မစရာအစာ။
Verse 4
စာတန်သည်ရောက်လာ၊ သေးငယ်သီးနှံပင်
သဘာဝနှင့်ပုံသဏ္ဌာန်ပြောင်းလဲသွား
ပြည့်ဝကြီးထွားရာသစ်ပင်ကြီးဖြစ်လာ
များစွာသောဆိုးညစ်ရာများခိုအောင်းနေ။
Verse 5
ကျဆင်းအသင်းတော်စာတန်အသုံးပြု
ဆိုးညစ်ခြင်းဒိဌိကျင့်သုံးခြင်းလည်းပါ
ဂျုံမုန့်ညက်များ၌ တဆေးရောနည်းတူ
အစာ၏စင်ကြယ်မှုကိုယိုယွင်းစေ။
Verse 6
ခရစ်တော်အသက်၊ သဏ္ဌာန်ပြောင်းလဲပေး
သန့်ရှင်းသူများပုလဲကျောက်မြတ်ဖြစ်လာ
အသင်းတော်တည်ဆောက်တန်ဆာများဖြစ်လာ
ကိုယ်တော့်နိုင်ငံတော်၊ ထင်ရှားသိစေမူ။
Verse 7
ခရစ်တော်အသက်၌ စည်းဝေးကြီးထွား
ပုံသဏ္ဌာန်ပြောင်းလဲ၊ ကိုယ်တော်နှင့်တည်ဆောက်
လွန်စွာဖိုးထိုက်သောပုလဲရတနာ
လယ်၌ဝှက်ထားသောဖိုးထိုက်ဘဏ္ဍာတော်။
Verse 8
"တောမျိုးစေ့" မှ ခွဲခြားပေးပါ၊ ကိုယ်တော်၊
စက်ဆုပ်ဖွယ်သစ်ပင်မှ ကယ်နှုတ်ပေးပါ
"တဆေး"ရောခြင်းမှ စင်ကြယ်ပေးမူပါ
သို့မှကိုယ်တော်နှင့်လူဖို့ အစာဖြစ်။
Verse 9
နေ့စဉ်တိုင်းအသက်၌ကြီးထွားစေပါ
ပုံသဏ္ဌာန်ပြောင်းလဲ၊ ခန္ဓာတော်အထဲ
ကိုယ်တော်ဖြင့်တည်ဆောက်၊ ကိုယ်တော်တိုင်ထင်ရှား
အသင်းတော်နှင့်နိုင်ငံတော်မြင်ရမည်။
Hymn details
စာသား: Witness Lee
သံစဉ်: Harold Green
Meter: 10.10.10.10.
Key: Eb Major
Time: 2/2
Audio