သင်းတော်သည် ခရစ်ခန္ဓာ
အသင်းတော် - အထွေထွေအဓိပ္ပာယ်
Verse 1
သင်းတော်သည် ခရစ်ခန္ဓာ
ခမည်းတော်ကျိန်းနေရာ
တစ်စုတည်း ခေါ်တော်မူ၏
လူမျိုးစုံ ပေါင်းစည်းပြီ
ဖန်ဆင်းခြင်း မပြုမီက
ရွေးချယ် ကယ်နှုတ်ခဲ့ပြီ
ထို့ကြောင့် သင်းတော်သက်တာသည်
ကောင်းကင်ဘုံကဲ့သို့တည်း။
Verse 2
ကိုယ်တော်ရှင်ထမြောက်ခြင်းဖြင့်
လူသစ်ဖြစ်ဘွားစေပြီ
ဝိညာဉ်ဘုရား၌ နှစ်ခြင်း
နှုတ်ကပတ်ဖြင့် သန့်ရှင်း
သင်းတော်တွက် ကိုယ်တော်သက်ပေး
ဦးခေါင်းဘုန်း ထင်ရှားစေ
သင်းတော်ပြုမူလေသမျှ
ကိုယ်တော်တွက် ဖြစ်စေပါ။
Verse 3
ခရစ်အုတ်မြစ်မှတစ်ပါး
ခြားသူမချနိုင်ပြီ
သင်းတော်ရှိ ခရစ်တော်ဖြင့်
အရာအားလုံးဖြစ်ပြီ
ဝိညာဉ်တော်ဖြင့်သင်းဝင်စေ
တိုင်ပေါ်တွင် သေခံလေ
ထမြောက်သက်တာတည်ဆောက်ပေး
ရွှေငွေကျောက်ကောင်းဖြစ်စေ။
Verse 4
တစ်ပါးတည်းသော ဘုရားရှင်
တစ်ပါးတည်း ဝိညာဉ်တော်
တစ်ခုသော ယုံကြည်ခြင်းနှင့်
တစ်ခုသော မျှော်လင့်ခြင်း
တစ်ခုသော နှစ်ခြင်းအားဖြင့်
တစ်ခုတည်းသော ခန္ဓာ
ခရစ်တော်တည်စေမူပြီ
သင်းတော်ဖြင့်ဘုန်းထင်ရှား။
Verse 5
လူမျိုးစုံ နိုင်ငံစုံမှ
သင်းသားများ လာစေပြီ
အဆင့်အတန်း လူမျိုးနှင့်
အမြင့်နိမ့်မရှိပေ
ကျွန်မရှိ လူလွတ်မရှိ
သခင်မရှိတော့ပြီ
သို့သော် ခရစ်တော်အားဖြင့်
လူသစ်ဖြစ်စေမူပြီ။
Verse 6
အားလုံးနှင့်ဆိုင်သောခန္ဓာ
နေရာနှံ့ ပျံ့ကျဲလာ
ဒေသန္တရသင်းအားဖြင့်
မြေပေါ်၌ တည်စေပြီ
ဒေသဆိုင်ရာ စီစဉ်ခွင့်
ကိုယ်တော်သီးသီးပေးသည်
အားလုံး ညီညွတ်စွာဖြင့်တည်
တစ်လုံးတစ်ဝထူမည်။
Verse 7
ယေရုရှလင်မြို့သစ်တွင်
ဒေသအားလုံးပါဝင်
ခရစ်သိုးငယ်အလင်းဖြင့်
အားလုံး ထွန်းလင်းစေပြီ
ဘုရား၏ ဘုန်းတော်ရောင်ခြည်
ဆီမီးတိုင်များလင်းသည်
ထိုဆီမီးတိုင်သည် သင်းတော်
ပြည့်စုံ ကိုယ်တော်ဘုန်းတော်။
Hymn details
စာသား: Witness Lee
သံစဉ်: Samuel Sebastian Wesley
Meter: 7.6.7.6.D.
Key: Eb Major
Time: 4/4
Audio