အသက်၏ပြည့်ဝထင်ရှားခြင်း
အသင်းတော် - ခရစ်တော်၏တိုးပွားခြင်း
Verse 1
အသက်၏ပြည့်ဝထင်ရှားခြင်း
ကိုယ်ခန္ဓာဖြစ်ရာ
ခရစ်တော်အသက်ပြည့်ဝခြင်း
ခန္ဓာတော်သင်းတော်။
Verse 2
ဧဝသည် အာဒံအစိတ်ပိုင်း
အာဒံမှထွက်လာ
ခရစ်တော်၏တိုးပွားခြင်းမှာ
အသင်းတော်ဖြစ်ရာ။
Verse 3
ဂျုံစပါးတစ်စေ့ပျက်စီးရာ
များစွာတိုးပွားလာ
ဂျုံစပါးများစွာရောနှောရာ
မုန့်တစ်လုံးဖြစ်လာ။
Verse 4
ခရစ်ယာန်များမှာ အသင်းတော်
ခရစ်တော်တိုးပွား
ခန္ဓာတော်တစ်ကိုယ်တည်းထင်ရှား
ဘုရားဘုန်းထင်ရှား။
Verse 5
စပျစ်နွယ်ပင်၏ကိုင်းခက်များ
အပြင်ပိုင်းပျံ့နှံ့
စပျစ်နွယ်ပင်၌ တည်နေရာ
များစွာအသီးသီး။
Verse 6
အသင်းတော်၌ အင်္ဂါများရှိ
ခရစ်တော်ကြီးမား
အသက်နှင့်သက်ရှင်ခြင်းအတူ
ကိုယ်တော်ရှင်ပျံ့နှံ့။
Verse 7
ပြည့်ဝ၊ တိုးပွား၊ ထပ်တူပွားများ
ပြည့်ဝထင်ရှားခြင်း
ကြီးထွား၊ ပျံ့နှံ့၊ ဆက်လက်ဖြစ်ပွား
ကြွယ်ဝခြင်းပိုလျှံ။
Verse 8
ခရစ်တော်အဖို့ အသင်းတော်
ဘုရားသခင်သည်
ခရစ်တော်၌ ရွေးနုတ်ခံဖြင့်
ထာဝရထင်ရှား။
Verse 9
အသင်းတော်ခရစ်တော်အတူ
ကြီးမားနက်နဲခြင်း
ဘုရားဇာတိ၊ လူသားဇာတိ
ရောနှောပေါင်းစည်းခြင်း။
Hymn details
စာသား: Witness Lee
သံစဉ်: T. Willey
Meter: 8.5.8.5.
Key: F Major
Time: 3/4
Audio