M427E818KC427MT427

ဘုရားနက်နဲခြင်းခရစ်တော်

အသင်းတော် - ခရစ်တော်၏နက်နဲခြင်း

21

Verse 1

ဘုရားနက်နဲခြင်းခရစ်တော်

ဘုရားရှင်ကို မျက်မြင်မရ

လူသားဖြင့် မြင်ဖူးခြင်းမရှိ

သို့သော်ခရစ်တော်ဖြင့်သိရ။

Verse 2

ခရစ်တော်သည် နှုတ်ကပတ်တော်

ဘုရားရှင်ကို ရှင်းလင်းပြဖော်

ဘုရား၏ပြည့်ဝကိုယ်ထင်ရှား

ဘုရားသဏ္ဌာန်ထင်ရှားစေပြီ။

Verse 3

မျက်မြင်မရသောဘုရား၏

သဏ္ဌာန်နှင့်ဘုန်းတော်ထွန်းလင်းခြင်း

ကိုယ်တော်၌ ဘုရားပြည့်ဝကိန်း

ဘုရား၏သက်သေခံချက်ဆောင်။

Verse 4

ခရစ်တော်နက်နဲခြင်းသင်းတော်

ခုကိုယ်တော်ကို မမြင်ရပါ

ခုမြေကြီးပေါ် မြင်၍မရ

သို့သော်သင်းတော်ဖြင့် ထင်ရှားပြီ။

Verse 5

သင်းတော်သည် ခရစ်တော်ထင်ရှား

သင်းတော်၌ ခရစ်တော်ကိန်းဝပ်

သင်းတော်သည် ကိုယ်တော့်ကိုယ်ပွားတော်

သင်းတော်၌ကိုယ်တော့်ကိုမြင်ရ။

Verse 6

သင်းတော်၌ကိုယ်တော့်သဏ္ဌာန်ရှိ

သင်းတော်သည် ကိုယ်တော့်တိုးပွားခြင်း

သင်းတော်၌ ခရစ်တော်မြင်ရ

ဦးခေါင်းတော်ဖို့ ခန္ဓာတော်မြင်။

Verse 7

သားတော်၌ ခမည်းတော်မြင်ရ

ယခုဝိညာဉ်တော်သည်သားတော်

သုံးပါးတစ်ပါးဘုရားဝိညာဉ်

ယခုသင်းတော်၌ ရှိနေပြီ။

Hymn details

စာသား: Witness Lee

သံစဉ်: John Edgar Gould

Meter: 8.8.8.8.

Key: D Major

Time: 2/2

Audio