M422E806KC422MT422

ချစ်သခင်၊ အသက်မုန့် ပေးတော်မူပါ

နှုတ်ကပတ်တော်ကိုလေ့လာခြင်း - နှုတ်ကပတ်တော်ကိုရှာဖွေခြင်း

21

Verse 1

ချစ်သခင်၊ အသက်မုန့် ပေးတော်မူပါ

အိုင်နားမှာပြုနည်းတူ ဝေမျှမူပါ

ကျမ်းစာတော်မြတ်ထဲမှ ကိုယ်တော်ကိုရှာ

ကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တ။

Verse 2

ကိုယ်တော်သည် ကျွန်ုပ်ဖို့ အသက်မုန့်ဖြစ်

သန့်ရှင်း သမ္မာတရားဖြင့် ကယ်တင်ပြီ

ကိုယ်တော်ကို စားသုံးကာ သက်ရှင်လိုသည်

နှုတ်တော်ကို ချစ်ရန် သွန်သင်တော်မူပါ။

Verse 3

ကျွန်ုပ်ထံ ဝိညာဉ်တော် ပို့ဆောင်မူပါ

သို့မှ မျက်စိပွင့်ကာ မြင်ရပါမည်

နှုတ်တော်၌ဝှက်ထား သမ္မာတရားကို

ကျမ်းစာ၌ ဖွင့်ပြ ကိုယ်တော်ကို မြင်ရ။

Verse 4

ကိုယ်တော့်သမ္မာတရား ကောင်းချီးပေးပါ

ဂါလိလဲ၌ မုန့်ဖြင့် ကျွေးမွေးနည်းတူ

ချည်နှောင်ခြင်းလုံးစုံမှ လွတ်မြောက်စေပြီ

ကိုယ်တော်၌ ငြိမ်သက်နားခိုခြင်း တွေ့ပြီ။

Hymn details

စာသား: Mary Artemesia Lathbury

သံစဉ်: William Fiske Sherwin

Meter: 10.10.10.10.

Key: D Major

Time: 2/2

Audio