နှုတ်ကပတ်တော်သည် ဘုရား၏ပုံရိပ်
နှုတ်ကပတ်တော်ကိုလေ့လာခြင်း - နှုတ်ကပတ်တော်၏လုပ်ဆောင်ခြင်း
Verse 1
နှုတ်ကပတ်တော်သည် ဘုရား၏ပုံရိပ်
နှုတ်ကပတ်တော်၌ ဘုရားတည်ရှိနေ
နှုတ်ကပတ်တော်၌ ဘုရားပြည့်ဝနေ
သမ္မာကျမ်းစာ၌ ဘုရားကို သိမြင်။
Verse 2
ကိုယ်တော်မှလွဲ၍၊ ဘုရားမြင်သူကင်း
နှုတ်ကပတ်တော်ဖြင့် ဘုရားကိုမြင်ရ
ကိုယ်တော်သည် ဘုရားကို ကြွေးကြော်တော်မူ
နှုတ်ကပတ်တော်ဖြင့် ဖွင့်ပြတော်မူပြီ။
Verse 3
ကိုယ်တော်သည် ဘုရား၏ကိုယ်ထင်ရှားပြီ
သမ္မာကျမ်းစာ၌ ကိုယ်တော်ရုပ်လုံးပေါ်
ကိုယ်တော်၌ ဘုရား၏သဏ္ဌာန်တော်မြင်
သမ္မာကျမ်းစာဖြင့် ကိုယ်တော်စစ်မှန်လာ။
Verse 4
ကိုယ်တော်သည် သက်ပေးဝိညာဉ်တော်၊ နှုတ်တော်
ခုကိုယ်တော်သည် နှုတ်တော်၌ ဝိညာဉ်တော်
ဝိညာဉ်တော်ဖြင့် နှုတ်ကပတ်တော်ထိတွေ့
ကျွန်ုပ်၌ ဘုရားပြည့်ဝခြင်းဖြည့်ပေး။
Verse 5
ကိုယ်တော်၌ ဘုရားနှင့်မိတ်ဖွဲ့ရပြီ
နှုတ်ကပတ်တော်ဖြင့် ကိုယ်တော်ကျွေးမွေးနေ
ဆုတောင်းခြင်းဖြင့် နှုတ်ကပတ်တော်လေ့လာ
ကျွန်ုပ်လိုရာ ဘုန်းတော်ကြွယ်ဝခြင်းရ။
Verse 6
ဝိညာဉ်လေ့ကျင့်ရန် သွန်သင်တော်မူပါ
နှုတ်တော်လေ့လာခြင်းဖြင့် ကိုယ်တော်ထိတွေ့
ကိုယ်တော်သည် သက်ရှင်သောနှုတ်ကပတ်တော်
ကျွန်ုပ်တွက် နေ့စဉ်မန္နမုန့်ဖြစ်၏။
Hymn details
စာသား: Witness Lee
သံစဉ်: William Fiske Sherwin
Meter: 10.10.10.10.
Key: D Major
Time: 2/2
Audio