M423E807KC423MT423

မျက်စိဖွင့်ပေး၊ ကျွန်ုပ်မြင်မည်

နှုတ်ကပတ်တော်ကိုလေ့လာခြင်း - နှုတ်ကပတ်တော်ကိုရှာဖွေခြင်း

21

Verse 1

မျက်စိဖွင့်ပေး၊ ကျွန်ုပ်မြင်မည်

သမ္မာတရား၊ ရေးရေးမြင်လာ

ကျွန်ုပ်လက်ထဲ အံ့ဖွယ်သော့ပေးရာ

ချည်နှောင်ခြင်းမှ လွတ်မြောက်စေပြီ။

chorus

ခုငြိမ်သက်စွာ ကိုယ်တော့်ကိုမျှော်

အဆင်သင့်ဖြစ်၊ အလိုတော်မြင်

မျက်စိဖွင့်ပေး၊ အလင်းထွန်းလင်း

အိုဝိညာဉ်တော်။

Verse 2

နားဖွင့်ပေးပါ၊ ကျွန်ုပ်ကြားမည်

သမ္မာတရား၊ ရှင်းလင်းလာမည်

လှိုင်းတံပိုးများ၊ နားထဲရိုက်ခတ်လည်း

မှားယွင်းခြင်းများပျောက်ကွယ်သွားမည်။

chorus

ခုငြိမ်သက်စွာ ကိုယ်တော့်ကိုမျှော်

အဆင်သင့်ဖြစ်၊ အလိုတော်မြင်

မျက်စိဖွင့်ပေး၊ အလင်းထွန်းလင်း

အိုဝိညာဉ်တော်။

Verse 3

နှုတ်ဖွင့်ပေးပါ၊ ကျွန်ုပ်ဆောင်မည်

ဝမ်းမြောက်သတင်း နေရာတိုင်းပြော

စိတ်နှလုံးဖွင့်၊ ပြင်ဆင်ပါရစေ

အချင်းချင်းချစ်၊ ဝေမျှခံစား။

chorus

ခုငြိမ်သက်စွာ ကိုယ်တော့်ကိုမျှော်

အဆင်သင့်ဖြစ်၊ အလိုတော်မြင်

မျက်စိဖွင့်ပေး၊ အလင်းထွန်းလင်း

အိုဝိညာဉ်တော်။

Verse 4

ဉာဏ်ဖွင့်ပေးပါ၊ ကျွန်ုပ်ဖတ်ရှု

မေတ္တာတော်ကို နှုတ်တော်၌မြင်

ကိုယ်တော်ဦးဆောင်၊ ကြောက်စရာမရှိ

ကျွန်ုပ်တောင်းလျှောက်၊ အလင်းတော်သာ။

chorus

ခုငြိမ်သက်စွာ ကိုယ်တော့်ကိုမျှော်

အဆင်သင့်ဖြစ်၊ အလိုတော်မြင်

မျက်စိဖွင့်ပေး၊ အလင်းထွန်းလင်း

အိုဝိညာဉ်တော်။

Hymn details

စာသား: Clara H. Scott

သံစဉ်: Clara H. Scott

Meter: 8.8.9.8. with chorus.

Key: Ab Major

Time: 6/8

Audio