M420E799KC420MT420

ကျမ်းစာရှိသမျှသည် ဘုရားမှုတ်သွင်း

နှုတ်ကပတ်တော်ကိုလေ့လာခြင်း - နှုတ်ကပတ်တော်၏လုပ်ဆောင်ခြင်း

21

Verse 1

ကျမ်းစာရှိသမျှသည် ဘုရားမှုတ်သွင်း

နှုတ်ကပတ်တော်ထဲ ဝိညာဉ်တော်မှုတ်သွင်း

ဘုရားဝတ်မွေ့လျော်သူ နှုတ်တော်ရေးသား

ဘုရားပြည့်ဝခြင်း လူထံအမွေပေး။

Verse 2

ဘုရား၏အသက်လေ၊ လူတွက်အလင်း

ရောင်ခြည်တော်ဖြင့် လူထံထွန်းလင်းပေးနေ

မှောင်မိုက်၌ ထွန်းလင်းကာ လူကို ဖွင့်ပြ

နေရာမှန်၊ လိုအပ်ချက်မှန်ကို သိစေ။

Verse 3

ဘုရား၏အသက်လေ၊ လူတွက်အသက်

ဘုရားသဘောကို လူထဲထည့်သွင်းပေး

သေနေသောသူရှင်စေ၊ အသစ်မွေးပေး

စိတ်အသက်၊ စိတ်နှလုံးကို ပြောင်းလဲပေး။

Verse 4

ဘုရား၏အသက်လေ၊ ပညာတော်ဖြစ်

ပညာတော်ဖြင့် လူကိုသွန်သင်ပေးနေ

ထာဝရကြံစည်တော် ပြသပေးမူ

ဘုရားပန်းတိုင်အရောက် လူကိုဦးဆောင်။

Verse 5

ဘုရား၏အသက်လေ၊ ခွန်အားလည်းဖြစ်

ဘုရားတန်ခိုးတော် လူ၌ထည့်သွင်းပေး

အားနည်းသောသူကို ခွန်အားပေးတော်မူ

ဘုရားကြံစည် လူအားဖြင့် ပြည့်စုံစေ။

Verse 6

ဘုရား၏အသက်လေ၊ ကျွန်ုပ်တို့ရှူ

ကျွန်ုပ်တို့ဝေစုဘုရားကို ဝမ်းမြောက်

ဝိညာဉ်ကို လေ့ကျင့်လျှင် လိုရာပြည့်စုံ

ကိုယ်တော်ကြွယ်ဝခြင်း ကျွန်ုပ်တို့မွေ့လျော်။

Hymn details

စာသား: Witness Lee

သံစဉ်: Lowell Mason

Meter: 8.8.8.8.

Key: A Major

Time: 2/2

Audio