ကိုယ်တော်အသက်နှင့်ဆက်ဆံရာ
အတွင်းအသက်တာ၏ ပုံပန်းသဏ္ဌာန်အမျိုးမျိုး - မှန်ကန်သောစိတ်နှလုံး
Verse 1
ကိုယ်တော်အသက်နှင့်ဆက်ဆံရာ
မှန်ကန်စိတ်ထားရှိလေ
ကိုယ်တော်ကြွယ်ဝ၊ ကျေးဇူးတော်ကို
ပြည့်ဝလက်ခံရမည်။
Verse 2
ဖြူစင်စိတ်နှလုံးသားလိုပေ
ကြည်လင်သန့်ရှင်းစေလေ
ကိုယ်တော်စိတ်တော်ကို နားလည်ရာ
တုန်လှုပ်ကြောက်ရွံ့ရိုသေ။
Verse 3
ချစ်စေတနာ စိတ်ထားလိုပေ
မေတ္တာနှင့်တောက်လောင်စေ
လုံ့လစိတ်ထား၍ ကြိုးစားလေ
ကိုယ်တော်တွက် ဘုန်းထင်စေ။
Verse 4
နာခံသောစိတ်နှလုံးလိုပေ
အလိုတော်တိုင်းအပ်နှံ
သွေးဆောင်ရာသို့ လိုက်ပါမသွား
ကိုယ်တော်ကြံစည်ဖြည့်လေ။
Verse 5
စီရင်ကင်းသော စိတ်နှလုံးလို
ဘုရားရှင်နှင့်မှန်လေ
ရှင်းလင်းစိတ်ထားဖြစ်စေရန်သာ
ကိုယ်တော်သွေးတော်လွှမ်းထား။
Verse 6
ဤသို့စိတ်ထား ဖြစ်စေရန်သာ
ကိုယ်တော်ရှင် မိန့်ဆိုထား
အစဉ်အမြဲ တင့်တယ်စေမည်
သစ္စာနှင့်ပြည့်စုံပေ။
Hymn details
စာသား: Witness Lee
သံစဉ်: John Bacchus Dykes
Meter: 8.6.8.6.
Key: G Major
Time: 3/4
Audio