M405E745KC405MT405

ကိုယ်တော်ရှင်သည် ခုဝိညာဉ်တော်

အတွင်းအသက်၏ ပုံပန်းသဏ္ဌာန်အမျိုးမျိုး- ဝိညာဥ်နှစ်ခုသည်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း

21

Verse 1

ကိုယ်တော်ရှင်သည် ခုဝိညာဉ်တော်

ကျွန်ုပ်ဝိညာဉ်၌ရှင်

နှစ်ဦးဖြစ်လည်း တစ်ဝိညာဉ်တည်း

တစ်လုံးတစ်ဝဖြစ်စေ။

Verse 2

ဝိညာဉ်တော်သည် ဝိညာဉ်၌တည်

အစဉ်သက်သေခံနေ

အဖသားများ ကျွန်ုပ်တို့သည်

ဘုရားဘုန်းအမွေခံ။

Verse 3

ဝိညာဉ်၌ ကိုယ်တော်ကိုထိတွေ့

ကြွယ်ဝခြင်းများဝမ်းမြောက်

ကိုယ်တော်ရှင်သည် ဝိညာဉ်တော်ပေး

ကိုယ်တော်ကိုယ်တိုင်ဖြစ်၏။

Verse 4

ဝိညာဉ်၌ ကျွန်ုပ်တို့လျှောက်လှမ်း

နောက်တော်သို့ အစဉ်လိုက်

ဝိညာဉ်တော်ဖြင့် ကိုယ်တော်ဦးဆောင်

နေ့စဉ်တိုင်း အလင်းပေး။

Verse 5

ဝိညာဉ်၌ ဝိညာဉ်တော်အားဖြင့်

သက်ရှင်၍ ကိုးကွယ်မည်

ကျွန်ုပ်ဝိညာဉ်၌ ကိုယ်တော်သည်

အစဉ်ခွန်အားပေးနေ။

Verse 6

ဝိညာဉ်၌ ဝိညာဉ်တော်အတူ

ဆုတောင်းခြင်းဖြင့် ပူဇော်

ဝိညာဉ်တော်သည် ဝိညာဉ်တွင်းမှ

ညဉ်းတွားခြင်းပြုပေးနေ။

Verse 7

ဝိညာဉ်ထံသို့ ကျွန်ုပ်လှည့်ပြန်

ကိုယ်တော်ကို ဆက်သွယ်ရ

ဝိညာဉ်၌သာ အတူမျှဝေ

ဘုရားဆိုင်ရာအမွေ။

Verse 8

မည်မျှအံ့ဖွယ်၊ တစ်လုံးတစ်ဝ

ဝိညာဉ်နှစ်ခုပေါင်းစည်း

ဝိညာဉ်၌ဝိညာဉ်တော်သက်ရှင်

ကိုယ်တော်၌သာတည်နေ။

Hymn details

စာသား: Witness Lee

သံစဉ်: Cuthbert Howard

Meter: 8.6.8.6.

Key: Eb Major

Time: 4/4

Audio