လူဖြစ်ခြင်း၌ သုံးပိုင်းတည်ရှိ
အတွင်းအသက်တာ၏ ပုံပန်းသဏ္ဌာန်အမျိုးမျိုး - သုံးပိုင်းရှိလူ
Verse 1
လူဖြစ်ခြင်း၌ သုံးပိုင်းတည်ရှိ
ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်ဖြစ်သည်
ထာဝရကြံစည်ပြည့်စုံရန်
ဘုရားအမွေခံဖို့မြင်လေ။
Verse 2
ခန္ဓာသည် လူ့ပြင်ပိုင်းဖြစ်သည်
ထိတွေ့ခံစား အာရုံရှိသည်
ပြင်ပရာများ ခံစားနိုင်ရာ
လူလိုရာတိုင်း လိုက်ပါသက်ရှင်။
Verse 3
စိတ်သည်လူ၏ တွင်းပိုင်းဖြစ်သည်
လူကိုယ်တိုင်ပင် ဖြစ်လေရာ၏
ဤစိတ်ကို ထည့်သွင်းထားခြင်းမှာ
စိတ်ပိုင်းဆိုင်ရာ ထိတွေ့ရန်သာ။
Verse 4
ဝိညာဉ်သည် အတွင်းဆုံးတွင်ရှိ
ဘုရားရှင်ကို သိလက်ခံရန်
ဘုရား၏ အရာများသိရန်
ဝိညာဉ်လောကကို သိမှတ်ရန်။
Verse 5
စိတ်ပိုင်းဆိုင်ရာကို ထပ်ခွဲပြန်
အသိ၊ ခံစားမှုနှင့်ဆန္ဒ
ဤစိတ်ပိုင်းသည် လူ့အတွက်သာ
လူ့ဇာတိမှာ ပြည့်စုံဖို့ရာ။
Verse 6
လူတွင်းရှိ ဝိညာဉ်ကိုကြည့်ရာ
သြတ္တပ္ပစိတ်၊ မိတ်သဟာယ
အလိုလိုသိနားလည်ခြင်းတို့
ရှိကြမှန် ဘုရားဝတ်ပြုရန်။
Verse 7
လူသည် စိတ်ကို လေ့ကျင့်ရမည်
ဘုရားရှင်ကို ရွေးချယ်ပိုင်ဆိုင်
ဝိညာဉ်ဖြင့် ဘုရားကို ဆက်ဆံ
ခန္ဓာဖြင့် ဘုရားကို ထင်ရှား။
Verse 8
လူ့ဝိညာဉ်တစ်ဖန်မွေးရန်လို
သို့မှဘုရားအသက်ကိုရ
ဘုရားဖြင့် စိတ်ပြောင်းလဲခြင်းခံ
ကိုယ်ခန္ဓာသည် ဘုန်းဝင်စားမည်။
Verse 9
ဤလုပ်ဆောင်ချက်များ ဘုရားထား
လူတွင် သုံးပိုင်းခွဲခြားသိရန်
လူသည် ကိုယ်တော်နှင့်ပေါင်းစည်းလျှင်
စိတ်ပိုင်းအားလုံး ကိုယ်တော်ဖြစ်မည်။
Hymn details
စာသား: Witness Lee
သံစဉ်: Katholisches Gesangbuch
Meter: 8.8.8.8.
Key: F Major
Time: 3/4
Audio