M402E720KC402MT402

ကောင်းကင်စဉ်ပြာရန် ကတိမရှိ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - ဆင်းရဲဒုက္ခအတွက် ကျေးဇူးတော်အားဖြင့်

21

Verse 1

ကောင်းကင်စဉ်ပြာရန် ကတိမရှိ

ပန်းခင်းလမ်းသက်တာလုံးမရှိနိုင်

နေသာ၊ မိုးရွာခြင်း၊ ပူဆွေး၊ ဝမ်းမြောက်၊

နာကျင်၊ ငြိမ်သက်ခြင်း၊ အလှည့်လှည့်ပေး။

chorus

နေ့ရက်စဉ်တွက် ကတိတော်ခွန်အား

အလုပ်တွက်နားခို၊ လမ်းတွက်အလင်း

ဒုက္ခတွက်ကျေးဇူးတော်၊ ထက်မှကူ

အစဉ်စာနာပေး၊ တည်မြဲမေတ္တာ။

Verse 2

ပင်ပန်းခြင်း၊ ဒုက္ခ၊ သွေးဆောင်ခြင်းများ၊

မသိရဟု ကတိတော်မရှိ

မှုရာများ၊ ဝန်များ မထမ်းရဟု

ဘုရားသခင်သည် မိန့်ဆိုမထား။

chorus

နေ့ရက်စဉ်တွက် ကတိတော်ခွန်အား

အလုပ်တွက်နားခို၊ လမ်းတွက်အလင်း

ဒုက္ခတွက်ကျေးဇူးတော်၊ ထက်မှကူ

အစဉ်စာနာပေး၊ တည်မြဲမေတ္တာ။

Verse 3

ချောမွေ့ကျယ်ဝန်း၍ မြန်ဆန်၊ လွယ်ကူ၊

လမ်းပြမလိုရာ လမ်းများဖြင့်သာ၊

တောင်၊ ကျောက်ဆောင်၊ နောက်ကျိရေမရှိဟု

ဘုရားသခင်သည် ကတိမထား။

chorus

နေ့ရက်စဉ်တွက် ကတိတော်ခွန်အား

အလုပ်တွက်နားခို၊ လမ်းတွက်အလင်း

ဒုက္ခတွက်ကျေးဇူးတော်၊ ထက်မှကူ

အစဉ်စာနာပေး၊ တည်မြဲမေတ္တာ။

Hymn details

စာသား: Annie Johnson Flint

သံစဉ်: Alfred B. Smith

Meter: 9.9.9.9. with chorus.

Key: Eb Major

Time: 9/8

Audio