M389E679KC389MT389

ယေရှုလက်တော်၌ လုံခြုံ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏လက်တော်အားဖြင့်

21

Verse 1

ယေရှုလက်တော်၌ လုံခြုံ

ရင်ခွင်တော်ပေါ် လုံခြုံ

မေတ္တာတော်ရိပ် ခိုကိုးလျက်

ငါ၏စိတ် နားခိုရ

နားထောင်ကောင်းကင် သီချင်းသံ

ချိုမြိန်သော အသံတော်

ဝိညာဉ်၌ ပဲ့တင်သံညံ

ငါ့စိတ်နှလုံး ဝမ်းမြောက်။

chorus

ယေရှုလက်တော်၌ လုံခြုံ

ရင်ခွင်တော်ပေါ် လုံခြုံ

မေတ္တာတော်ရိပ် ခိုကိုးလျက်

ငါ၏စိတ် နားခိုရ။

Verse 2

ယေရှုလက်တော်၌ လုံခြုံ

သောကပူခြင်းငြိမ်း၍

လောက၊ ပြစ်သွေးဆောင်ခြင်းမှ

ကင်းရှင်းလုံခြုံစွာနေ

ပူဆွေးသောကမှ လွတ်မြောက်

စိုးရိမ်သံသယကင်း

ဒုက္ခဆင်းရဲ မျက်ရည်များ

နည်းစွာသာ ကျန်ရစ်၏။

chorus

ယေရှုလက်တော်၌ လုံခြုံ

ရင်ခွင်တော်ပေါ် လုံခြုံ

မေတ္တာတော်ရိပ် ခိုကိုးလျက်

ငါ၏စိတ် နားခိုရ။

Verse 3

ငါ့စိတ် ခိုလှုံရာယေရှု

ကျွန်ုပ်တွက် သက်တော်စွန့်

မြဲစွာတည်သောကျောက်တော်ကို

အစဉ် ခိုလှုံပါမည်

ညအချိန်မလွန်သွားမီ

သည်းခံလျက်စောင့်ပါစေ

အာရုဏ်မတက်မီတိုင်အောင်

တသမျှော်လင့်ပါလေ။

chorus

ယေရှုလက်တော်၌ လုံခြုံ

ရင်ခွင်တော်ပေါ် လုံခြုံ

မေတ္တာတော်ရိပ် ခိုကိုးလျက်

ငါ၏စိတ် နားခိုရ။

Hymn details

စာသား: Fanny Jane Crosby

သံစဉ်: William Howard Doane

Meter: 7.6.7.6.D. with chorus.

Key: F Major

Time: 4/4

Audio