M390E684KC390MT390

ဝမ်းနည်းပင်ပန်းသူလာ ဘယ်ရပ်၌မဆို

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏ကရုဏာတော်ပလ္လင်ဖြင့်

21

Verse 1

ဝမ်းနည်းပင်ပန်းသူလာ ဘယ်ရပ်၌မဆို

ကရုဏာပလ္လင်သို့ ချဉ်းကပ်ဒူးထောက်

ပူပန်စိတ်ကို ယူလာ၊ ဝမ်းနည်းခြင်းပြောဆို

လောကဝမ်းနည်းခြင်းကို ကောင်းကင်ပယ်ဖျောက်။

Verse 2

စိတ်ပျက်သူ ဝမ်းမြောက်ရာ၊ လမ်းလွဲသူ အလင်း

နောင်တရသူ မျှော်လင့်ရာ၊ ယေရှုရှင်

သန့်ရှင်းသောဝိညာဉ်တော် ဖြည်းညင်းစွာခေါ်နေ

လောကဝမ်းနည်းခြင်း ကောင်းကင်ချမ်းသာပေး။

Verse 3

ထက်ကောင်းကင်ပလ္လင်တော်မှ စီးထွက်လာသော

သက်စမ်းရေနှင့် မုန့်ကို ကြည့်ရှုကြလော့

ချစ်ခြင်းပွဲတော်သို့လာ အစဉ်ပင် သိမှတ်

လောကဝမ်းနည်းခြင်း ကောင်းကင် ပျောက်စေတတ်။

Hymn details

စာသား: Thomas Moore, Altered by Thomas Hastings

သံစဉ်: Samuel Webbe

Meter: 11.10.11.10.

Key: C Major

Time: 4/4

Audio