M388E673KC388MT388

ကျွန်ုပ်ဝေစု လက်တော်မှယူ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏အလိုတော်အားဖြင့်

21

Verse 1

ကျွန်ုပ်ဝေစု လက်တော်မှယူ

နားလည်ရန်လည်း မကြိုးစားပါ

ကျွန်ုပ်မျက်ကန်း၊ ကိုယ်တော်မြင်၏

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

chorus

မည်သို့ဖြစ်စေ၊ မည်သို့ဖြစ်စေ၊

မကြောက်ရွံ့ပါ၊ မည်သို့ဖြစ်စေ၊

မေတ္တာတော်သည် မစမူပြီ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

Verse 2

မှောင်မိုက်ကျလာ၊ မျက်နှာတော်ဖုံး

ဆင်းရဲဒုက္ခ၊ ကျွန်ုပ်ခံစား

ဂေသရှေမန်၊ ယေရှုနည်းတူ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

chorus

မည်သို့ဖြစ်စေ၊ မည်သို့ဖြစ်စေ၊

မကြောက်ရွံ့ပါ၊ မည်သို့ဖြစ်စေ၊

မေတ္တာတော်သည် မစမူပြီ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

Verse 3

ဝမ်းမြောက်ခြင်းများ ခံစားရလည်း

ကိုယ်တော်ကိုသာ ကျေးဇူးတင်သည်

ကျွန်ုပ်ခွက်၌ ကိုယ်တော်ဖြည့်ပေး

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

chorus

မည်သို့ဖြစ်စေ၊ မည်သို့ဖြစ်စေ၊

မကြောက်ရွံ့ပါ၊ မည်သို့ဖြစ်စေ၊

မေတ္တာတော်သည် မစမူပြီ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

Verse 4

တည်ငြိမ်စွာဖြင့် ဝေစုရင်ဆိုင်

ကိုယ်တော်အပေါ် သံသယကင်း

ရာခပ်သိမ်းသည် ပြုစုပေးနေ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

chorus

မည်သို့ဖြစ်စေ၊ မည်သို့ဖြစ်စေ၊

မကြောက်ရွံ့ပါ၊ မည်သို့ဖြစ်စေ၊

မေတ္တာတော်သည် မစမူပြီ

မည်သို့ဖြစ်စေ၊ အလိုတော်တိုင်း။

Hymn details

စာသား: Anon.

သံစဉ်: Anon.

Meter: 8.8.8.8.D.

Key: G Major

Time: 3/4

Audio