M387E670KC387MT387

ယေရှုမြတ်နာမတော်ယူပါ

ဒုက္ခဆင်းရဲ၌နှစ်သိမ့်မှုပေးခြင်း - သခင်ဘုရား၏နာမတော်အားဖြင့်

21

Verse 1

ယေရှုမြတ်နာမတော်ယူပါ

စိတ်ပင်ပန်း ဝန်လေးသောသူ

နှစ်သိမ့်ဝမ်းသာခြင်းကြောင်း ဖြစ်ရာ

သွားလေရာရာပါဆောင်ယူ။

chorus

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ၊

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ။

Verse 2

ယေရှုနာမ မြဲစွဲယူပါ

ဘေးရန်မျိုးအကွယ်အကာ

သွေးဆောင်ခြင်းမှု နှောင့်ယှက်လာခါ

နာမတော်နှင့် ဆုတောင်းပါ။

chorus

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ၊

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ။

Verse 3

အိုမြတ်လှရှင် ယေရှုနာမ

ဘယ်မျှ စိတ်ရွှင်လန်းစေသည်

ခမည်းတော်၏ မစခြင်းများ

နာမတော်၌ မွေ့လျော်ရ။

chorus

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ၊

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ။

Verse 4

ယေရှုနာမ၌ ဦးညွတ်ကြ

ခြေတော်ရင်း၌ ပြပ်ဝပ်လေ

ဆိုးညစ်သူနှင့် ရန်သူအပေါ်

အောင်မြင်ခြင်းကို ကြွေးကြော်မည်။

chorus

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ၊

မြတ်နာမ၊ ချိုသာလှ

မြေနှင့် ကောင်းကင် ရွှင်မြူးရာ။

Hymn details

စာသား: Lydia Odell Baxter

သံစဉ်: William Howard Doane

Meter: 8.7.8.7. with chorus.

Key: Ab Major

Time: 4/4

Audio