M382E653KC382MT382

ဆင်းရဲပင်ပန်းခြင်းမှ

ခွန်အားပေးခြင်း - သခင်ဘုရား၌နားခိုခြင်း

21

Verse 1

ဆင်းရဲပင်ပန်းခြင်းမှ

နားခိုလေ စိတ်နှလုံး

ကယ်တင်ရှင်လက်တော်မှ

ငြိမ်သက်ခြင်းအမွေခံ။

Verse 2

ခြေတော်ရင်း၌ပြပ်ဝပ်

နိမ့်ကျမနိုင်သလော

သန့်ရှင်းငြိမ်သက်ခြင်းရှိ

လွတ်မြောက်ခြင်းရှိနေရာ။

Verse 3

လက်နက်ချအရှုံးပေး

မေးမြန်း၊ ပုန်ကန်မရှိ

သို့မှအသံတော်ကြား

တိုးညှင်းသံတော်ကြားမည်။

Verse 4

လျှို့ဝှက်ဒဏ်ရာမရှိ

ကြီးသည်ငယ်သည်ဖြစ်စေ

ထံတော်မှ ဝှက်မထား

အားလုံးဝန်ချတောင်းပန်။

Verse 5

မိမိကောင်းခြင်းအားလုံး

ယဇ်ပလ္လင်ပေါ်ထားလေ

ခရစ်တော်သာခပ်သိမ်း

စုံလင်သောကျေးဇူးတော်။

Verse 6

ဆင်းရဲပင်ပန်းခြင်းမှ

နားခိုလေ စိတ်နှလုံး

ကယ်တင်ရှင်လက်တော်မှ

ငြိမ်သက်ခြင်းအမွေခံ။

Hymn details

စာသား: Lucy Ann Bennett

သံစဉ်: Carl Maria von Weber

Meter: 6.6.6.6.

Key: Eb Major

Time: 4/4

Audio