ဝမ်းမြောက်စဉ်မပြတ် ကရုဏာတော်မြတ်တွက်
ခွန်အားပေးခြင်း - သခင်ဘုရား၌ဝမ်းမြောက်ရန်
Verse 1
ဝမ်းမြောက်စဉ်မပြတ် ကရုဏာတော်မြတ်တွက်
အပြစ်လက်မှ လွတ်မြောက်ခွင့်ရ
သွေးတော်ဖြင့်ရွေးနှုတ် ကြောက်ရွံ့ခြင်းနှင့်ကင်းလျက်
ကိုယ်တော်ကိုပင် ခိုလှုံနေကြ။
chorus
ငါတို့ဘက်ဘုရားရှိ၊ ငါတို့ဘက်ဘုရားရှိ
ငါတို့ဘက်ဘုရားရှိ
ငါတို့၏တစ်ဘက်တွင်
မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
Verse 2
ဘုရားသခင်၌ ခွန်အားတိုးတက်သန်စွမ်း
နေ့စဉ်ကိုယ်တော်ဘက်တွင် တည်ကြည်
စုံစမ်းခြင်းတွေ့ကာ တန်ခိုးတော်နှင့်ခုခံ
ကိုယ်တော်တိုင် ကွယ်ကာရာဖြစ်မည်။
chorus
ငါတို့ဘက်ဘုရားရှိ၊ ငါတို့ဘက်ဘုရားရှိ
ငါတို့ဘက်ဘုရားရှိ
ငါတို့၏တစ်ဘက်တွင်
မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
Verse 3
နှုတ်ကပတ်တော်တွင် ရှိရှိကတိတော်များ
သားတော်၌ ပြည့်စုံမည်ယုံကြည်
ကောင်းကင်နှင့်မြေကြီး ပျောက်လွင့်ပျက်စီးသော်ငြား
ကတိတော်တိုင်း ဖြစ်ပျက်ရမည်။
chorus
ငါတို့ဘက်ဘုရားရှိ၊ ငါတို့ဘက်ဘုရားရှိ
ငါတို့ဘက်ဘုရားရှိ
ငါတို့၏တစ်ဘက်တွင်
မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
Verse 4
ကိုယ်တော်လက်အောက်တွင် ခိုလှုံလျက်ရှိနေစဉ်
ထူးစွာ သက်ရှင်လျက်ရှိရကြ
ယုံသူသီးသီးပင် ကယ်တင်ရှင်လက်တော်တွင်
အလျှင်းပျောက်ပျက်ခြင်းမရှိရ။
chorus
ငါတို့ဘက်ဘုရားရှိ၊ ငါတို့ဘက်ဘုရားရှိ
ငါတို့ဘက်ဘုရားရှိ
ငါတို့၏တစ်ဘက်တွင်
မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
Hymn details
စာသား: G. M. J.
သံစဉ်: James McGranahan
Meter: 11.8.11.8. with chorus.
Key: F Major
Time: 4/4
Audio