အိုစိတ်၊ ဆင်းရဲပင်ပန်းနေသလော
ခွန်အားပေးခြင်း - သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်း
Verse 1
အိုစိတ်၊ ဆင်းရဲပင်ပန်းနေသလော
မှောင်မိုက်၌ အလင်းမရှိပါ
ကယ်တင်ရှင်ကို ကြည့်ပါ အလင်းရှိ
အသက်သည် ကြွယ်ဝအခမဲ့။
chorus
ယေရှုကို လှည့်ကြည့်ပါလေ
အံ့သြဖွယ်မျက်နှာတော်ကိုကြည့်
မြေကြီးရာတဖြည်းဖြည်းမှေးမိန်သွားနေ
ဘုန်းတော်နှင့်ကျေးဇူးတော်အလင်းတည်။
Verse 2
သေခြင်းမှ ထာဝရသက်ထဲသို့
ကိုယ်တော်ဖြတ်ကျော်၊ နောက်တော်လိုက်စို့
အပြစ်သည် အစိုးမရတော့ပြီ
ကျွန်ုပ်တို့သာ၍အောင်မြင်ပြီ။
chorus
ယေရှုကို လှည့်ကြည့်ပါလေ
အံ့သြဖွယ်မျက်နှာတော်ကိုကြည့်
မြေကြီးရာတဖြည်းဖြည်းမှေးမိန်သွားနေ
ဘုန်းတော်နှင့်ကျေးဇူးတော်အလင်းတည်။
Verse 3
နှုတ်ကပတ်တော်တည်မြဲကတိတော်
ကိုယ်တော်ကို လုံးလုံးယုံကြည်လေ
ပျက်စီးနေသောလောကသို့သွားကာ
စုံလင်ကယ်တင်ခြင်းကြားပြောပါ။
chorus
ယေရှုကို လှည့်ကြည့်ပါလေ
အံ့သြဖွယ်မျက်နှာတော်ကိုကြည့်
မြေကြီးရာတဖြည်းဖြည်းမှေးမိန်သွားနေ
ဘုန်းတော်နှင့်ကျေးဇူးတော်အလင်းတည်။
Hymn details
စာသား: Helen Howarth Lemmel
သံစဉ်: Helen Howarth Lemmel
Meter: 9.8.9.8. with chorus.
Key: F Major
Time: 3/4
Audio