M380E644KC380MT380

ယေရှုကို စေ့စေ့ကြည့်

ခွန်အားပေးခြင်း - သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

ယေရှုကို စေ့စေ့ကြည့်

အရှုံးမခံပြီ

လက်နက်များအားလုံးပေါ်

ယုံကြည်ခြင်းဒိုင်းလွှား

ကယ်တင်ခြင်းစံချိန်နှုန်း

စိတ်နှလုံးအောင်လံ

မြင့်မားစွာလွှင့်ထူကာ

လောကကိုအောင်မြင်။

chorus

ယေရှုကို စေ့စေ့ကြည့်

အရှုံးမခံပြီ

လက်နက်များအားလုံးပေါ်

ယုံကြည်ခြင်းဒိုင်းလွှား။

Verse 2

ယေရှုကို စေ့စေ့ကြည့်

ရာခပ်သိမ်းမှကြည့်

ထိမိစရာမဖြစ်

ကျဆင်းခြင်းမရှိ

ရန်သူ၏သွေးဆောင်ခြင်း

ကြမ်းကြုတ်ခြင်းများမှ

လုံခြုံကာစိတ်ချရ

ကိုယ်တော့်ကို ကြည့်ရှု။

chorus

ယေရှုကို စေ့စေ့ကြည့်

အရှုံးမခံပြီ

လက်နက်များအားလုံးပေါ်

ယုံကြည်ခြင်းဒိုင်းလွှား။

Verse 3

ယေရှုအထဲ ကြည့်ရှု

အောင်မြင်ခြင်းဇစ်မြစ်

ထက်မှတန်ခိုး၊ ဘုန်းတော်

မေတ္တာ၊ ကျေးဇူးတော်

ယခင်လက်လှမ်းမမီ

ဆုပ်ကိုင်မရနိုင်

ယခုငေးမောမြင်ရ

သာ၍သာ၍များ။

chorus

ယေရှုကို စေ့စေ့ကြည့်

အရှုံးမခံပြီ

လက်နက်များအားလုံးပေါ်

ယုံကြည်ခြင်းဒိုင်းလွှား။

Verse 4

ယေရှုထံသို့ မော့ကြည့်

မြပလ္လင်တော်ပေါ်

ယုံကြည်ထိုးဖောက်ကောင်းကင်

သခင်ရှိနေရာ

သခင့်ပေါ် ကိုးစားမည်

ခုစဉ်ဆက်မပြတ်

စိတ်နှလုံး၊ အသိဉာဏ်

ကိုယ်တော်နှင့်ကိန်းဝပ်။

chorus

ယေရှုကို စေ့စေ့ကြည့်

အရှုံးမခံပြီ

လက်နက်များအားလုံးပေါ်

ယုံကြည်ခြင်းဒိုင်းလွှား။

Hymn details

စာသား: Frances Ridley Havergal

သံစဉ်: Frances Ridley Havergal

Meter: 6.5.6.5.D. with chorus.

Key: G Major

Time: 4/4

Audio