မျက်နှာတော်ကြည့် ချိန်ယူ
ခွန်အားပေးခြင်း - သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်း
Verse 1
မျက်နှာတော်ကြည့် ချိန်ယူ
ပြန်လှန်စကားဆို
ကိုယ်တော်၌တည်မြဲနေ
နှုတ်တော်ကိုစားသုံး
မျက်မှောက်တော်ကိုသာမျှော်
နူးညံ့ဝန်ခံရာ
ခပ်သိမ်းကို မေ့ကာထား
ကောင်းကြီးကိုသာရှာ။
Verse 2
မျက်နှာတော်ကြည့် ချိန်ယူ
လောကသည် သွားနေ
ယေရှုနှင့်လျှို့ဝှက်စွာ
အချိန်များများယူ
ယေရှုကိုကြည့်ခြင်းဖြင့်
ကိုယ်တော်နှင့်တူလာ
ပြုမူကြံစည်ခြင်း၌
ကိုယ်တော်နှင့်တူလာ။
Verse 3
မျက်နှာတော်ကြည့် ချိန်ယူ
ကိုယ်တော်ဦးဆောင်ပါ
မည်သို့တွေ့ကြုံပါစေ
နောက်တော်သာ လိုက်မည်
ဝမ်းမြောက်၊ ဝမ်းနည်းခြင်း၌
နောက်တော်သာ လိုက်မည်
ယေရှုကိုမျှော်ကြည့်ကာ
နှုတ်တော်၌ ကိုးစား။
Verse 4
မျက်နှာတော်ကြည့် ချိန်ယူ
စိတ်နှလုံးငြိမ်သက်
စဉ်းစားဒေါသထွက်ခြင်း
ကိုယ်တော်အောက်၌ထား
ဝိညာဉ်တော်ဖြင့်ဦးဆောင်
မေတ္တာစမ်းရေတွေ့
ကိုယ်တော်ကရုဏာတော်
ကျွန်ုပ်ခံစားရ။
Hymn details
စာသား: William Dunn Longstaff
သံစဉ်: George Coles Stebbins
Meter: 6.5.6.5.D.
Key: F Major
Time: 6/4
Audio