M378E642KC378MT378

"ကန့်လန့်ကာထဲ"၊ ချစ်သား၏ဝေစုရှိ၏

ခွန်အားပေးခြင်း - သခင်ဘုရားနှင့် မိတ်သဟာယဖွဲ့ခြင်း

21

Verse 1

"ကန့်လန့်ကာထဲ"၊ ချစ်သား၏ဝေစုရှိ၏

သခင်၏လျှို့ဝှက်ရာ၌ကိန်းဝပ်မည်

မျက်နှာပေါ်ဘုန်းတော်ထင်ရှားတိုင်စေ့စေ့ကြည့်

မေတ္တ္တာတော်အသက်တာ၊ ချီးမွမ်းခြင်းပြည့်။

Verse 2

"ကန့်လန့်ကာထဲ"၊ အတုမဲ့သောအရှင်၏

မျက်နှာတော်၏လှပခြင်းကို ငေးမိ

နှုတ်ဖြင့်မွက်ဆို မကုန်နိုင်သောကျေးဇူးတော်

ကြီးမားမေတ္တာတော်ဖွင့်ပြသက်ရှင်လာ။

Verse 3

"ကန့်လန့်ကာထဲ"၊ ကိုယ်တော့်မွှေးကြိုင်သွန်းလောင်းပေး

"ကန့်လန့်ကာပြင်"၊ မွှေးနံ့သာပျံ့နှံ့လာ

"ကန့်လန့်ကာထဲ"၊ လက်တော်ဖြင့်သံစဉ်ညှိပေး

မြေကြီးပေါ် သခင်ကို ချီးမွမ်းခြင်းပြည့်။

Verse 4

"ကန့်လန့်ကာထဲ"၊ ဝိညာဉ်နက်နဲအမြစ်စွဲ

မြေကြီးပေါ်တွင် ကိုယ်တော်ငြိမ်သက်လျှောက်လှမ်း

"ကန့်လန့်ကာထဲ"၊ ကိုယ်တော်နှင့်တူ စိတ်ပေါင်းစည်း

မြေကြီးပေါ် ရှင်ပြန်ထမြောက်ခြင်းသက်ရှင်။

Hymn details

စာသား: F. H. Allen

သံစဉ်: Anon.

Meter: 11.10.11.10.

Key: Eb Major

Time: 4/4

Audio