M377E639KC377MT377

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

ရှန်ပြန်ထမြောက်ခြင်းအသက်တာ - ခရစ်တော်ကိုယ်တိုင်

21

Verse 1

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

ထာဝရသက်ရှင်၍ ဘုန်းထွန်းတောက်နေ

ဖန်ဆင်းခြင်းကင်း၍ ပျက်စီးခြင်းကင်းသည်

ယေရှုကိုယ်တိုင်ပြလျက် သက်ရှင်ခဲ့သည်။

Verse 2

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

ဆန့်ကျင်အရာများ ကိုယ်တော်ခံခဲ့ရှာ

သေခြင်းအခွင့်ကို ရရှိခဲ့ခြင်းဖြင့်

ဘုရားဖြစ်ကြောင်း ပြခွင့်ရရှိခဲ့သည်။

Verse 3

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

ပို၍ချဉ်းကပ်ဝင် ပို၍တိုးမည်ပင်

ဒုက္ခခံခြင်းများသည် သင့်တွက်ဖြစ်ရာ

များစွာအောင်မြင် ကြွယ်ဝသက်တာဖြစ်လေ။

Verse 4

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

တားဆီးများစွာကို ချိုးဖျက်အောင်မြင်ကာ

မှောင်မိုက်တန်ခိုးဖြစ်သော ငရဲတွင်းမှ

လွတ်ကင်း၍ သက်ရှင်ခြင်းခွင့် ရရှိပြီ။

Verse 5

သေခြင်းမတား ထမြောက်ခြင်းသက်တာအား

ဘုရား၏ပြည့်စုံခြင်း ထင်ရှားပေါ်လာ

ဘုရားသန့်ရှင်းခြင်း ဖြောင့်မတ်ခြင်းတွင်ရှင်

ကိုယ်တော်ကဲ့သို့ ဘုန်းထင်ရှားစေမည်ပင်။

Verse 6

ကျွန်ုပ်သိပြီ ကိုယ်တော်၏ထမြောက်ခြင်း

သေခြင်းအားလုံးကို ချိုးဖျက်သည့်တန်ခိုး

ကျွန်ုပ်တွေ့ကြုံသမျှ စဉ်မမေ့ရာ

ဇာတိသက်ပျက်၍ ခရစ်တော်သက်ရှင်။

Hymn details

စာသား: Witness Lee

သံစဉ်: C. T. McCorkell

Meter: 10.10.10.10.

Key: D Major

Time: 4/4

Audio