သခင်ဘုရားမိန့်တော်မူပြီ
ကားတိုင်လမ်း - အသီးသီးသောလမ်း
21
Verse 1
သခင်ဘုရားမိန့်တော်မူပြီ
"သေလျှင်မူကား" ပွား
"သေလျှင်မူကား" များစွာသီးမည်
ကယ်တင်ရှင်စကား။
Verse 2
ခြားသူများ၌ သက်တော်လှုပ်ရှား
သင်လည်း သေရမည်
မြေသို့ကျကာ မြှုပ်နှံခံရာ
အမှောင်၌ တည်ရ။
Verse 3
အမှောင်၌ကြာရှည်ထားမသွား
အလင်းကို မြင်စေ
အသက်သစ်ဘုန်းတော်၌ ဝမ်းမြောက်
ထမြောက်စေမူပြီ။
Verse 4
လမ်းတော်၌ တိုးလျှိုးလျှောက်လှမ်းလာ
သက်တော်ဝေမျှရန်
သေခြင်းတံခါးကိုဖြတ်ကျော်ခဲ့
ကိုယ်တော်နှင့်တွေ့ရ။
Verse 5
လျှို့ဝှက်ကောင်းကြီးကို သင်ယူပြီ
သေခြင်းဖြင့်ရှင်ခြင်း
လျှို့ဝှက်ခြင်း၌ အသက်သွန်းလောင်း
ရိတ်သိမ်းခြင်းမြင်ရ။
Hymn details
စာသား: Anon.
သံစဉ်: Carl Harold Lowden
Meter: 8.5.8.5.
Key: F Major
Time: 4/4
Audio