M371E621KC371MT371

လက်ဝါးကပ်တိုင်တော်အောက်တွင်

ကားတိုင်၌ဘုန်းထင်ရှားခြင်း - ခိုလုံရာ

21

Verse 1

လက်ဝါးကပ်တိုင်တော်အောက်တွင်

ငါသည် ခိုလှုံလိုပေ

နေပူပြင်းသောဒေသ၌ပင်

ကျောက်လုံးကြီးရိပ်လိုပေ

ဒေါသမုန်တိုင်းကျသောအခါ

ဘေးပေါင်းကွယ်ကာရာတည်း

ဝန်လေးသောသူ ဝန်ချထားရာ

မောသူနားရာဖြစ်သည်။

Verse 2

အိုလုံခြုံသောကွယ်ကာရာ

အံ့ထူးတည်းခိုဘွယ်လေ

အာဏာတော်နှင့် ဘုရားမေတ္တာ၊

တွေ့ကြုံဆုံဆည်းရာပေ

ရှေးခါ၊ ယာကုပ်မြင်မက်သည်လို

နိမိတ်ထူးမြတ်လှလေ

ယေရှုတိုင်တော်လှေကားကဲ့သို့

ကောင်းကင်မှီရာဖြစ်ပေ။

Verse 3

ထိုတိုင်တော်မြတ်အပေါ်တွင်

တရံတခါကြည့်သော်

ငါ့တွက်သေခံသဏ္ဌာန်တော်ပင်

ငါမြင်သည်လို ထင်ပေါ်

ထိုသို့မြင်တိုင်း မျက်ရည်ကျစဉ်

အံ့ဖွယ်နှစ်ခုတွေ့သည်

အတုမရှိမေတ္တာတော်နှင့်

ကျွန်ုပ်ယုတ်ညံ့ခြင်းတည်း။

Verse 4

ထိုတိုင်တော်မြတ်အရိပ်သာ

ငါခိုလှုံရာဖြစ်စေ

မျက်နှာရောင်ခြည် ထွန်းတောက်မူရာ

ငါ၏အလင်းဖြစ်လေ

သို့ဖြစ် လောကီစည်းစိမ်ဆင်းရဲ

အရှုံးအမြတ်မထင်

ကိုယ်ပြစ်ကိုသာ ရှက်ရာဖြစ်ဖွယ်

တိုင်တော် ငါဝါကြွားရာ။

Hymn details

စာသား: Elizabeth Cecilia Clephane

သံစဉ်: Frederick Charles Maker

Meter: 7.6.8.6.8.6.8.6.

Key: Db Major

Time: 4/4

Audio