ယေရှုတိုင်တော် ငါဝါကြွားရာ
ကားတိုင်၌ဘုန်းထင်ရှားခြင်း - အရာအားလုံးအပေါ်ခြုံငုံကြည့်ရှုခြင်း
21
Verse 1
ယေရှုတိုင်တော် ငါဝါကြွားရာ
မေတ္တာတော် ထင်ရှားရာပေ
ရှေးပရောဖက် ဗျာဒိတ်ခံကာ
တိုင်တော်ဘုန်းပင်မြင်ကြချေ။
Verse 2
ဆင်းရဲဒုက္ခတွေ့ကြုံသောခါ
ကြောက်လန့် စိတ်ပျက်များလှသော်
ဘေးခပ်သိမ်းကို အောင်မြင်ရာကား
ယေရှုလက်ဝါးကပ်တိုင်တော်။
Verse 3
ကောင်းစားလျက်နှင့် ငြိမ်သက်ပျော်စွာ
နေရသော ကာလစဉ်တွင်း
တိုင်တော်မှ မေတ္တာတော်ရောင်ခြည်
သက်ထက်ဆုံးသာလင်းရာတည်း။
Verse 4
သုခ၊ ဒုက္ခ၊ နာခြင်း၊ သာခြင်း
တိုင်တော်အားဖြင့် ထူးမြတ်ပေ
မကုန်ဆုံးနိုင် ချမ်းသာဘုံတွင်
ထိုတိုင်တော် ချီးမြှောက်ပါစေ။
Hymn details
စာသား: John Bowring
သံစဉ်: Ithamar Conkey
Meter: 8.7.8.7.
Key: Bb Major
Time: 3/4
Audio