M372E626KC372MT372

သံလွင်သီး ကြိတ်ခြင်းမခံလျှင်

ကားတိုင်လမ်း - အရှုံးခံခြင်းဖြင့် အမြတ်ရခြင်း

21

Verse 1

သံလွင်သီး ကြိတ်ခြင်းမခံလျှင်

ဆီမရရှိနိုင်

စပျစ်သီး နယ်ခြင်းမခံလျှင်

ရွှင်ပျစပျစ်ရည် မစီး

နံ့သာဆီဗူး ခွဲဖျက်ခြင်းခံ

မွှေးကြိုင်နံ့သာလှိုင်

ဆင်းရဲဒုက္ခမှ ရှောင်တိမ်းမလား

ကိုယ်တော်ထားမေတ္တာ ရွေးချယ်။

chorus

ချိန်တိုင်း နာကျင်ခံ

ကျွန်ုပ်အမြတ်မှန်

ကိုယ်တော်ယူဆောင်သောအရာမှာ

ကျွန်ုပ်တွက် ကိုယ်တော်အပ်နှံ။

Verse 2

စိတ်နှလုံးကြိုး ဆွဲဆံ့ခြင်းခံ

သီချင်းများ ထွက်ရန်

ချိုသာဆုံးသံစဉ် လိုအပ်လား

နာကျင်ခံ ကိုယ်တော့်မေတ္တာ

လူ၏စွန့်ပစ်ခြင်း၊ စိုးရိမ်ကင်း

ကိုယ်တော့်ထံနီးရန်

ကျွန်ုပ်လုံးလုံး လက်မြှောက်ပါပြီ

မေတ္တာတော်ကိုမြင်ရပြီ။

chorus

ချိန်တိုင်း နာကျင်ခံ

ကျွန်ုပ်အမြတ်မှန်

ကိုယ်တော်ယူဆောင်သောအရာမှာ

ကျွန်ုပ်တွက် ကိုယ်တော်အပ်နှံ။

Verse 3

အတ္တအတွက် ရှာဖွေခဲ့ခြင်း

ရှက်ရွံ့ပြီ၊ သခင်

ကိုယ်တော်ပြခဲ့သော မေတ္တာကို

ကျွန်ုပ်သည် ထိုသို့တားဆီး

သခင်၏ အလိုတော်အတိုင်း

ပြုပြင်တော်မူပါ

ခံစားချက်များကို တားဆီးပါ

ကိုယ်တော်ဘို့သာ ဖြစ်စေပါ။

chorus

ချိန်တိုင်း နာကျင်ခံ

ကျွန်ုပ်အမြတ်မှန်

ကိုယ်တော်ယူဆောင်သောအရာမှာ

ကျွန်ုပ်တွက် ကိုယ်တော်အပ်နှံ။

Verse 4

ကျွန်ုပ်အလိုကို ငြင်းပယ်ကာ

နောက်တော် လိုက်လျှောက်မည်

ဆင်းရဲဒုက္ခ တွေ့စေလိုလျှင်

ကျွန်ုပ်အဖြေသည် "အာမင်"

ဤရာ ကျွန်ုပ်နက်နဲအလို

ဆုံးရှုံးနာကျင်လည်း

ကိုယ်တော်နှစ်သက်ရာ ဘုန်းတော်မှာ

ကားတိုင်လမ်း ကျွန်ုပ်လျှောက်ရန်။

chorus

ချိန်တိုင်း နာကျင်ခံ

ကျွန်ုပ်အမြတ်မှန်

ကိုယ်တော်ယူဆောင်သောအရာမှာ

ကျွန်ုပ်တွက် ကိုယ်တော်အပ်နှံ။

Verse 5

ငိုကြွေးခြင်းရှိလည်း ချီးမွမ်းမည်

သီချင်း ကျူးဧမည်

ကိုယ်တော်၏ချိုမြိန်ခြင်းတိုးပွား

နေ့ရက်တစ်လျှောက် ချီးမွမ်းမည်

ကိုယ်တော်သည် အခြားရာများထက်

ဖိုးထိုက်ကြောင်း ပြဖော်

ကိုယ်တော်တိုးပွား၊ ကျွန်ုပ်ဆုတ်ယုတ်

ဤရာ ကျွန်ုပ်တောင့်တရာ။

chorus

ချိန်တိုင်း နာကျင်ခံ

ကျွန်ုပ်အမြတ်မှန်

ကိုယ်တော်ယူဆောင်သောအရာမှာ

ကျွန်ုပ်တွက် ကိုယ်တော်အပ်နှံ။

Hymn details

စာသား: Watchman Nee

သံစဉ်: Stephen Collins Foster

Meter: 8.5.8.7.D. with chorus.

Key: D Major

Time: 4/4

Audio