M369E618KC369MT369

ဝေးလှသောတောင်ကုန်းပေါ် ထူထားသောတိုင်တော်သည်

ကားတိုင်၌ဘုန်းထင်ရှားခြင်း - ကြမ်းတမ်းသောကားတိုင်ဟောင်း

21

Verse 1

ဝေးလှသောတောင်ကုန်းပေါ် ထူထားသောတိုင်တော်သည်

ရှက်ကြောက်ဖွယ် ဒုက္ခခံရာတိုင်တည်း

ပြစ်လောကကယ်တင်ရန် သေခံရာတိုင်တော်ကို

ကျွန်ုပ်သည် ထူးပင် ချစ်ခင်မြတ်နိုး။

chorus

တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်

လမ်းဆုံးမှာ အောင်ပန်းကိုချထားမည်

ကျွန်ုပ်သည် မှီတွယ်သောတိုင်တော်နှင့်

သရဖူကို တစ်နေ့ဖြင့် လဲချင်။

Verse 2

လောကလုံးရွံရှာသော လက်ဝါးကပ်တိုင်တော်၏

ဆွဲနိုင်သောတန်ခိုးသည် အံ့ဖွယ်တည်း

ထက်ကောင်းကင် ဘုန်းတော်ပင် သိုးသငယ်စွန့်ပြီးကာ

သစ်တိုင်မှာ သေခံရန် ကြွဆင်းလာ။

chorus

တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်

လမ်းဆုံးမှာ အောင်ပန်းကိုချထားမည်

ကျွန်ုပ်သည် မှီတွယ်သောတိုင်တော်နှင့်

သရဖူကို တစ်နေ့ဖြင့် လဲချင်။

Verse 3

သွေးတော်နှင့် စွန်းကွက်သော လက်ဝါးကပ်တိုင်တော်သည်

အံ့သြဖွယ်တင့်တယ် လှပပေ၏

ကျွန်ုပ်ကို ပြစ်လွှတ်လျက် သန့်ရှင်းစင်ကြယ်စေရန်

ယေရှုရှင် ထိုတိုင်ပေါ်မှာ သေခံ။

chorus

တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်

လမ်းဆုံးမှာ အောင်ပန်းကိုချထားမည်

ကျွန်ုပ်သည် မှီတွယ်သောတိုင်တော်နှင့်

သရဖူကို တစ်နေ့ဖြင့် လဲချင်။

Verse 4

တိုင်တော်ကို ကျွန်ုပ်သည် စဉ်သစ္စာရှိပါမည်

ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်းခံလိုသည်

ကောင်းကင်ဘုံစံဖို့ရာ ကိုယ်တော်ရှင်ခေါ်သောခါ

ကိုယ်တော်နှင့် အတူ ဘုန်းတော်ဝင်စား။

chorus

တိုင်တော်ကို ကျွန်ုပ်သည် လေးမြတ်မည်

လမ်းဆုံးမှာ အောင်ပန်းကိုချထားမည်

ကျွန်ုပ်သည် မှီတွယ်သောတိုင်တော်နှင့်

သရဖူကို တစ်နေ့ဖြင့် လဲချင်။

Hymn details

စာသား: George Bennard

သံစဉ်: George Bennard

Meter: 11.10.11.10. with chorus.

Key: Bb Major

Time: 1/4

Audio