M361E1191KC361MT361

ကျွန်ုပ်၏ဝိညာဉ်တွင်း အသက်စမ်းရေစီးဆင်း

ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - အသက်အဖြစ်

21

Verse 1

ကျွန်ုပ်၏ဝိညာဉ်တွင်း အသက်စမ်းရေစီးဆင်း

သုံးပါးတစ်ပါးဘုရားစီးဆင်း

ခမည်းတော်အရင်းမြစ်၊ သားတော်သည်ဆင်းကြွခဲ့

ဝိညာဉ်တော်သည် အသက်တော်ပေးနေ။

chorus

ချိုမြိန်သက်စီးဆင်းခြင်းတန်ဖိုးထား

ကျွန်ုပ်စိတ်အသက်ကို ဆုတ်ယုတ်စေ

ဖြူစင်အသက်တော်နက်နဲစီးဆင်း

ဆင်းကြွသောခါ သက်သရဖူရ။

Verse 2

ယေရှုသည် မြက်ခင်းပေါ် လန်းဆန်းစွာအိပ်စေပြီ

ကျွန်ုပ်ကို နားခိုခြင်းပေးပြီ

အချည်းနှီးရုန်းကန်ခြင်း ကြိုးစားခြင်းမပြုတော့

ပြည့်စုံသော ကောင်းချီးစီးဆင်းမူပြီ။

chorus

ချိုမြိန်သက်စီးဆင်းခြင်းတန်ဖိုးထား

ကျွန်ုပ်စိတ်အသက်ကို ဆုတ်ယုတ်စေ

ဖြူစင်အသက်တော်နက်နဲစီးဆင်း

ဆင်းကြွသောခါ သက်သရဖူရ။

Verse 3

ယေရှုသည် တစ်နေ့တွင် သန့်ရှင်းဆုံးရပ်သို့ခေါ်

ကိုယ်တော့်ရှေ့တော်၌ သက်ရှင်ရန်

ဟာလေလုယာ၊ ခွန်အားပေးခြင်း ကျွန်ုပ်ကြားပြီ

ကိုယ်တော်၌ ကျွန်ုပ်အစဉ်တည်နေ။

chorus

ချိုမြိန်သက်စီးဆင်းခြင်းတန်ဖိုးထား

ကျွန်ုပ်စိတ်အသက်ကို ဆုတ်ယုတ်စေ

ဖြူစင်အသက်တော်နက်နဲစီးဆင်း

ဆင်းကြွသောခါ သက်သရဖူရ။

Hymn details

စာသား: R. K.

သံစဉ်: George Bennard

Meter: 12.8.12.8. with chorus.

Key: Bb Major

Time: 3/4

Audio