ဘုန်းတော်ကြီးမြတ်၊ လွန်သန့်ရှင်းစွ
ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - အသက်အဖြစ်
Verse 1
ဘုန်းတော်ကြီးမြတ်၊ လွန်သန့်ရှင်းစွ
ထာဝရသက်ရှင်ဘုရား
စစ်၍မကုန် တန်ခိုးပြည့်စုံ
ထင်ရှား၊ သနား၊ ဖြူစင်လှ
တန်ခိုးအနန္တနှင့် ပြည့်ဝ
မေတ္တာ၊ အလင်း၊ ဘုရားရှင်။
Verse 2
ကျေးဇူးမေတ္တာမည်မျှကြီးစွ
လူတွက် အသက်ပေးဘုရား
ဝိညာဉ်တော်ဖြင့် လူတွင်းကိန်းဝပ်
ကိုယ်တော်အလို ပြည့်စုံစေ
ကိုယ်တော်ဝမ်းမြောက်ခြင်း ပြည့်စုံမည်
လူသည် လက်ခံခြင်းဖြင့်ရ။
Verse 3
စစ်၍မကုန် ကျေးဇူးမေတ္တာ
လူတွင်းသို့ ဘုရားစီးဆင်း
ဘယ်သောခါမျှ စွန့်ပစ်မထား
အမြဲထင်ရှားပြမည်သာ
မူလဇာတိ ထိုမှဝိညာဉ်
လူတိုင်းသိစေသောအသက်။
Verse 4
အနီးရှိ၍ချဉ်းကပ်ဖွယ်ကောင်း
ခရစ်တော်တွင်းရှိဘုရား
ကျွန်ုပ်အတွင်းသို့ ချဉ်းဝင်၍
လူတို့တွင် ဘုန်းမြင်စေပြီ
သေခြင်းမှထမြောက်ခဲ့ခြင်းဖြင့်
လူတွင်းဝင်၍ အသက်ပေး။
Verse 5
မည်မျှအံ့ဘွယ် ဝိညာဉ်တော်ဖြစ်
ဘုရားပေါ်ထင် လူတို့တွင်
အသက်ပေးသော ဝိညာဉ်တော်ဖြင့်
ပြောင်းလဲ၍ သိစေခဲ့သည်
နောင်တရ၍ လက်ခံသူသည်
ကိုယ်တော်ကိန်းဝပ်တူနေမည်။
Verse 6
မည်မျှဘုန်းတော်ကြွယ်ဝပြည့်စုံ
သုံးပါးတစ်ပါးဘုရားရှင်
မူလအဖဆင်းသက်သားတော်
ယခုဝိညာဉ်တော်စီးဆင်း
လူတွင်းသို့ ဝိညာဉ်တော်ကိန်းကာ
လူတို့တွင် တည်ပြုပြင်ပြီ။
Verse 7
မည်မျှနက်နဲ၊ မည်မျှစစ်မှန်
ကျွန်ုပ်ထဲ ဘုရားစီးဝင်
စိတ်နှလုံး၌ တစ်လုံးတစ်ဝ
ကိုယ်တော်သည် ကျွန်ုပ်အသက်
ဟာလေလုယာ၊ ဟာလေလုယာ
စဉ်မပြတ် ကျွန်ုပ်ချီးမွမ်း။
Hymn details
စာသား: Witness Lee
သံစဉ်: Joachim Neander
Meter: 8.7.8.7.8.7.
Key: B Major
Time: 4/4
Audio