M362E1193KC362MT362

အသက်သည် သားတော်ရှိခမည်းဘုရား

ဘုရားသခင်ကို တွေ့ကြုံခံစားခြင်း - အသက်အဖြစ်

21

Verse 1

အသက်သည် သားတော်ရှိခမည်းဘုရား

ဝိညာဉ်တော်အဖြစ် ကျွန်ုပ်ထဲစီး

မည်မျှဝမ်းမြောက်ရာ ဤပုဂ္ဂိုလ်တော်အံ့ဖွယ်

ကျွန်ုပ်အသက် ကိုယ်တော်ကြွယ်ဝလှ။

Verse 2

သက်ရှင်ကိုယ်တော်ကို တံခါးဖွင့်ပေးရာ

အသစ်မွေးဖွားခြင်းကို ခံစားရ

အသစ်မွေးဖွားခံ၊ အသက်တော်ဝင်ရောက်လာ

ကိုယ်တော်နှင့်ပြည့်ဝသည့်တိုင်ဖြည့်ပေး။

Verse 3

ကျွန်ုပ်၌ ကိုယ်တော်သက်ရှင်ဝိညာဉ်တော်

ကျွန်ုပ်ဝိညာဉ်မှ ကိုယ်တော်စီးထွက်

စိတ်ပိုင်းထဲစီးဝင် ပုံသဏ္ဌာန်ပြောင်းလဲပေး

အသက်တော်ကိုယ်တော်ကို ဖြည့်သွင်းပေး။

Verse 4

ယခုကိုယ်တော်ပေါင်းစည်းခြင်းကိုရရှိ

အသိဉာဏ်ကို သားတော်ပေါ်ထားရှိ

လမ်းလွဲခြင်းများမှ ကျွန်ုပ်တို့လှည့်ပြန်ကြ

နေ့စဉ်အသိဉာဏ် ကိုယ်တော်ပေါ်ထား။

Verse 5

ကျွန်ုပ်တို့ဝိညာဉ်၌ ကိုယ်တော်ရှိပြီ

ကြံစည်တော်တွက် ကိုယ်တော်လုပ်ဆောင်နေ

အတွေးခေါ်ဟောင်းများကို သင်စွန့်ပစ်လိုက်လေ

ဘုရားအသက်နှင့်ငြိမ်သက်ခြင်းတည်။

Verse 6

နှုတ်ကပတ်တော်၏ကြွယ်ဝခြင်းဝမ်းမြောက်

စဉ်းစားခြင်းများ ကိုယ်တော်ထံသို့ရောက်

သင့်အသိဉာဏ်ကို ကိုယ်တော်ပေါ်ထားရှိလေ

စဉ်းစားခြင်းများ လုံးလုံးသန့်ရှင်းမည်။

Verse 7

အသိဉာဏ်ကို သားတော်ပေါ်ထားရှိခြင်း

လက်တွေ့လျှောက်လှမ်းလုပ်ဆောင်ကြစို့လေ

ယနေ့ကိုယ်တော်ဖြင့် သက်ရှင်ခြင်းချီးမွမ်းလေ

ကျွန်ုပ်အသိဉာဏ် ကိုယ်တော်၌တည်။

Hymn details

Meter: Peculiar Meter

Key: D Major

Time: 2/4

Audio