လူဟောင်းကျွန်ုပ်သည် ကိုယ်တော်နှင့်သေပြီ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်အဖြစ်
Verse 1
လူဟောင်းကျွန်ုပ်သည် ကိုယ်တော်နှင့်သေပြီ
အတွင်းနက်နဲညစ်ညူးခြင်းလည်းသေပြီ
မြွေ၏အဆိပ်အတောက်ကို မြပ်နှံပြီ
အမှုပြီးပြီ၊ ဤကျိုးကြောင်းမှန် ကျွန်ုပ်
ကိုင်စွဲအစဉ်။
Verse 2
ကျွန်ုပ်ဝိညာဉ်၌ ပုဂ္ဂိုလ်တော်ရှိပြီ
သူငယ်ဖြစ်ဖွား၊ သေးငယ်၊ အားနည်း၊ နိမ့်ကျ
နှုတ်ကပတ်တရားနို့စစ်ဖြင့် ကြီးထွား
ကျွန်ုပ်၌ အောင်မြင်သူအတွင်းလူရှိ
စိတ်နှလုံးပိုင်။
Verse 3
ယခုစိတ်နှလုံးကို ခရစ်တော်ပိုင်
အခန်းအားလုံး၌ ကိုယ်တော်ရှိမူပါ
ပိုင်ရှင်ဟောင်း သေပြီးသော်လည်း၊ လှုပ်နေဆဲ
အသိ၊ ခံစား၊ ဆန္ဒ၌ သခင်ကို
ယခုကြိုဆို။
Verse 4
ဝိညာဉ်၌ ကိုယ်တော်နှင့်ရောနှောပေါင်းစည်း
လူနှင့်ဘုရားတစ်လုံးတစ်ဝဖြစ်ရ
ဂုဏ်အင်္ဂါတော်များကို စစ်မှန်ယူဆောင်
သို့မှကိုယ်တော်၏ဘုန်းတော်များအားလုံး
ထင်ရှားနိုင်မည်။
Verse 5
ကိုယ်တော်ထံ ကျွန်ုပ်စိတ်နှလုံးအပ်နှံ
စိတ်နှလုံးသည် ကိုယ်တော့်အိမ်တော်ဖြစ်လာ
ကိုယ်တော်အခြေချ နေထိုင်သောနေရာ
လူသစ်တစ်ဦး၌ ပြန်လည်ရယူခြင်း
သရဖူဆောင်း။
Hymn details
သံစဉ်: Ira David Sankey
Meter: 10.10.10.10.4.
Key: Bb Major
Time: 4/4
Audio