ယောဟန်သည် သခင်ဘုရားနေ့
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - မီးခုံတိုင်များအလယ်ရှိ လူသားအဖြစ် (ဗျာဒိတ်၊ ၁း၉-၂၀)
Verse 1
ယောဟန်သည် သခင်ဘုရားနေ့
ဝိညာဉ်၌သံကြား လှည့်ကြည့်
ဘုရားဆိုင်ရာ ရွှေရောင်ထွန်းလင်း
မီးခုံတိုင်ခုနှစ်ခုမြင်
မီးခုံတိုင်များ၏အလယ်တွင်
သွားလာသောလူသားကိုမြင်
သင်းတော်များကို စဉ်ဂရုစိုက်
ဘုရားစီမံကိန်းထိန်းသိမ်း။
Verse 2
ယခင်ယောဟန်သိမြင်ခြင်းမှ
ကိုယ်တော့်ထင်ရှားခြင်းခြားနား
ကိုယ်တော်သည် ခါးပန်းစည်းထားမူ
ယခင်ဝတ်ရုံမဟုတ်တော့
ရင်အုပ်စည်းလျက် အမှုတော်ဆောင်
ယဇ်ပုရောဟိတ်ပြည့်ဝထင်
မီးခုံတိုင်များကို ပြုစုကာ
သင်းတော်များကို ကြည့်ရှုနေ။
Verse 3
ကိုယ်တော်သည် ရှေးချိန်မှရှိလည်း
အသစ်သောနှင်းထက်လန်းဆန်း
မျက်စိတော်သည် မီးလျှံဖြစ်မူ
ခြေတော်သည် မီးချွတ်ကြေးဝါ
ပေတရုကို ကြင်နာကြည့်ခဲ့
သို့သော် ခုလောင်ကျွမ်းမီးလျှံ
"ဝမ်းမြောက်ခြင်း" အတွက် ကြွေးကြော်သံ
သမုဒ္ဒရာသံဖြစ်လာ။
Verse 4
ယခင်ယောဟန် ရင်ခွင်တော်လျောင်း
ယခုသေလုနီးကြောက်ရွံ့
ဝိညာဉ်၌ ကိုယ်တော်ကိုမြင်ရ
ကိုယ်တော်သည် ဖွင့်ပြမူပြီ
ခရစ်တော်၏ဖွင့်ပြခြင်းမြင်
အရှိန်အဟုန်မြှင့်တင်ပြီ
ကိုယ်တော်ထင်ရှားမီးခုံတိုင်များ
ခွန်အားပေးမစခံရ။
Hymn details
သံစဉ်: Franz Joseph Haydn
Meter: 8.7.8.7.D.
Key: Eb Major
Time: 4/4
Audio