ခရစ်တော်စစ်မှန်ခြင်းမြင်ရပြီ
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်အဖြစ်
Verse 1
ခရစ်တော်စစ်မှန်ခြင်းမြင်ရပြီ
သို့သော်မြင်ရုံနှင့် မလုံလောက်ပါ
ကျွန်ုပ်တွေ့ကြုံခံစားရပေမည်
အရာအားလုံးဖြစ်
ဆုတောင်းခြင်း၌ မျက်နှာတော်ကိုမြင်
စည်းဝေး၊ နှုတ်တော်၌ ကျေးဇူးတော်သိ
သို့သော်နေ့စဉ်သက်တာနေရာတိုင်း
ကိုယ်တော်မည်ရာနည်း။
chorus
ဟာလေလုယာ၊ ကိုယ်တော့်အလင်းမြင်
အို၊ မည်မျှပြည့်ဝ၊ စစ်မှန်သခင်
အချိန်တိုင်း၊ နေရာတိုင်းနှင့် နေ့စဉ်တိုင်း
အရာအားလုံး၌ ကိုယ်တော်ထံသို့ လှည့်ပြန်လာလျှင်
စစ်မှန်ခြင်းအတွက် လုံးလုံးဖြစ်မည်
ရာအားလုံးကို စစ်မှန်စွာလုပ်ဆောင်
ကိုယ်တော်၌သာလျှောက်လှမ်း ကျွန်ုပ်မြင်
ကိုယ်တော်သည် ရာအားလုံး။
Verse 2
အသက်သည် အခွင့်အရေးနှင့်ပြည့်
အဖလက်ရာတော် ညီညွတ်လှပ
အရာအားလုံး အကောင်းဆုံးတည်နေ
ကိုယ်တော်ရယူစို့
ခရစ်တော်သည် ထည့်ဝင်ရာစစ်မှန်
ကျွန်ုပ်တို့ဖြင့် စဉ်ဆက်ထွန်းလင်းလို
ကိုယ်တော်ကို ကျွန်ုပ်တို့နေရာပေး
နေရာပေးကြစို့။
chorus
ဟာလေလုယာ၊ ကျွန်ုပ်ခန္ဓာ၌
အသေခံခြင်းကို အမြဲယူဆောင်
ဤသို့ဖြင့် ကိုယ်တော့်အသက်ထွက်ပေါ်လာ
အပြင်လူ ကျိုးပဲ့
တွင်းလူ ထွန်းလင်းတောက်ပလာမည်
ဤမြေအိုးရှိ ဖိုးထိုက်ဘဏ္ဍာကို
လူတွေအားလုံး မြင်တွေ့နိုင်ကြမည်
ဧဝံဂေလိတရားဘုန်းအလင်း
ကျွန်ုပ်တို့ထွန်းလင်း။
chorus
သြဝါဒ၊ သီသြလော်ဂျီမဟုတ်
လုံးလုံးစစ်မှန်ခြင်းအရာဖြစ်သည်
သင်နှင့်ကျွန်ုပ်၌ရှိ ခရစ်တော်
အရာအားလုံးဖြစ်သည်။
Hymn details
သံစဉ်: Ralph Carmichael
Meter: Peculiar Meter
Key: Bb Major
Time: 4/4
Audio