ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သာ ချီးမြှောက်ခံရှင်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော့်ကို ထင်ရှားခြင်း
Verse 1
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သာ ချီးမြှောက်ခံရှင်
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သာ သိ၊ ကြား၊ မြင်
ကျွန်ုပ်မဟုတ်၊ ခရစ်တော်ကြည့်ရှုလုပ်ဆောင်
ကျွန်ုပ်မဟုတ်၊ ခရစ်တော်နှုတ်ထွက်သာ။
chorus
အို၊ ကျွန်ုပ်အား အတ္တမှကယ်ပါ
အို၊ ကိုယ်တော်၌ နစ်စေ
အို၊ အတ္တကင်း ကျွန်ုပ်မရှင်
ကျွန်ုပ်၌ ကိုယ်တော်ရှင်။
Verse 2
ကျွန်ုပ်မဟုတ်၊ ခရစ်တော်နူးညံ့သိမ်မွေ့
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သုတ်ပေးမျက်ရည်
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်ယူဆောင်ဝန်ထုပ်များ
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်ဖြင့် စိုးရိမ်ကင်း။
chorus
အို၊ ကျွန်ုပ်အား အတ္တမှကယ်ပါ
အို၊ ကိုယ်တော်၌ နစ်စေ
အို၊ အတ္တကင်း ကျွန်ုပ်မရှင်
ကျွန်ုပ်၌ ကိုယ်တော်ရှင်။
Verse 3
ခရစ်တော်သာ ချည်းနှီးစကားကင်းစေရာ
ခရစ်တော်သာ နှုတ်ကြမ်းခြင်းကင်းနိုင်ရာ
ခရစ်တော်သာ အတ္တကင်းသီးစေမည်သာ
ခရစ်တော်သာ ပြည့်စုံလင်စေနိုင်ရာ။
chorus
အို၊ ကျွန်ုပ်အား အတ္တမှကယ်ပါ
အို၊ ကိုယ်တော်၌ နစ်စေ
အို၊ အတ္တကင်း ကျွန်ုပ်မရှင်
ကျွန်ုပ်၌ ကိုယ်တော်ရှင်။
Verse 4
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်သာလိုရာဖြည့်စွမ်း
ကျွန်ုပ်မဟုတ်၊ ကိုယ်တော်ကျန်းမာခွန်အား
ခရစ်တော်သာ ကျွန်ုပ်ဝိညာဉ်၊ စိတ်၊ ခန္ဓာ
ခရစ်တော်သာ ကျွန်ုပ်၌ သက်ရှင်နေ။
chorus
အို၊ ကျွန်ုပ်အား အတ္တမှကယ်ပါ
အို၊ ကိုယ်တော်၌ နစ်စေ
အို၊ အတ္တကင်း ကျွန်ုပ်မရှင်
ကျွန်ုပ်၌ ကိုယ်တော်ရှင်။
Verse 5
ခရစ်တော်သာ ကျွန်ုပ်ရူပါရုံဖြစ်ရာ
ဘုန်းတော်ထွန်းလင်းခြင်းမကြာမီမြင်မည်
ခရစ်တော်သာ ကျွန်ုပ်ဆန္ဒပြည့်စုံရာ
ခရစ်တော်သာ ကျွန်ုပ်တွက်ရာအားလုံး။
chorus
အို၊ ကျွန်ုပ်အား အတ္တမှကယ်ပါ
အို၊ ကိုယ်တော်၌ နစ်စေ
အို၊ အတ္တကင်း ကျွန်ုပ်မရှင်
ကျွန်ုပ်၌ ကိုယ်တော်ရှင်။
Hymn details
စာသား: Mrs. Ada A. Whiddington
သံစဉ်: Albert Benjamin Simpson
Meter: 11.10.11.10. with chorus.
Key: Eb Major
Time: 2/2
Audio