M347E593KC347MT347

အာဒံ၌ရှိခြင်းသည် အပြစ်နှင့်သေခြင်း

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - အသိဉာဏ်ကို ဝိညာဥ်၌ထားရှိခြင်း

21

Verse 1

အာဒံ၌ရှိခြင်းသည် အပြစ်နှင့်သေခြင်း

ခရစ်တော်၌ အသက်ရရှိကာဖြောင့်မတ်

သွေးသား၌တည်နေလျှင် အာဒံသာထင်ရှား

ဝိညာဉ်၌ရှိနေလျှင် ခရစ်တော်ထင်ရှား။

Verse 2

အာဒံ၌ရှိနေချိန် အပြစ်မလုပ်လည်း

အပြစ်သားကျွန်ုပ် သေခြင်းနှင့်တွေ့မည်မှန်

ယေရှုရှိလျှင် ကြိုးစားဖြောင့်မတ်ရန်မလို

ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တွင်း၌ရှိနေပြီ။

Verse 3

သွေးသား၌ထင်ရှားဖို့ ကြိုးစားရန်မလို

အာဒံ၏ဇာတိသည် အပြစ်ပြည့်ဝနေ

ဝိညာဉ်၌ ကြိုးစားအားထုတ်ခြင်းမလိုပါ

ဝိညာဉ်၌ ကိုယ်တော်အုပ်စိုးကာ ကျွန်ုပ်ရှင်။

Verse 4

ကိုယ်တော်နှင့်တူသေခံ အာဒံမှလွတ်မြောက်

ခရစ်တော်ပေးသော အသက်သစ်ရရှိပြီ

သွေးသား၌မရှိလျှင် အာဒံဇာတိသေ

ဝိညာဉ်၌ရှိကာ ဘုရားသက်ထင်ရှားမည်။

Verse 5

ဝိညာဉ်၌ရှိခြင်းသည် နေ့စဉ်ကယ်တင်မှန်

ဝိညာဉ်၌ရှိနေလျှင် ခရစ်တော်ထင်ရှား

ဝိညာဉ်၌သာရှိပါ အောင်မြင်သူဖြစ်မည်

ဝိညာဉ်၌ရှိကာ ပန်းတုံးတိုင်သို့လိုက်ပြေး။

Verse 6

ဝိညာဉ်၌ရှိနေလျှင် ကားတိုင်လမ်းလျှောက်နိုင်

ထမြောက်ခြင်းတန်ခိုးတော် ကျွန်ုပ်ဖြင့်စီးဆင်း

ဝိညာဉ်၌ရှိလျှင် ကျွန်ုပ်တွင် ကိုယ်တော်ထင်

ကျွန်ုပ်၌ ကိုယ်တော်အသက်ကြီးထွားမည်ပင်။

Verse 7

ဝိညာဉ်၌ခရစ်တော်သည် ရာအားလုံးဖြစ်

ခွန်အားပေးခြင်းနှင့် ရာအားလုံးကောင်းကြီးပေး

ဝိညာဉ်၌သက်ရှင်လျှင် သန့်ရှင်းခြင်းထင်ရှား

ကျွန်ုပ်တွင်း သုံးပါးတစ်ပါးဘုရားထင်ရှား။

Hymn details

စာသား: Witness Lee

သံစဉ်: Anon

Meter: 11.11.11.11.

Key: G Major

Time: 4/4

Audio