M345E589KC345MT345

ကောင်းကင်၌ ဘုရားဘဏ္ဍာရှိ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော့်ကို ထင်ရှားခြင်း

21

Verse 1

ကောင်းကင်၌ ဘုရားဘဏ္ဍာရှိ

ကြွယ်ဝခြင်း ရေတွက်မနိုင်

ကိုယ်တော်ကျေနပ်ချစ်မြတ်နိုးရာ

သားတော်ခရစ်တော်ဖြစ်ရာ

မြေကြီးပေါ် ဘုရားဘဏ္ဍာရှိ

ဖိုးထိုက်ခြင်း ကိုယ်တော်သာသိ

ကြံစည်မမီ နက်နဲကျေနပ်

သန့်ရှင်းသူ၌ ခရစ်တော်။

Verse 2

လူမျိုးအပေါ် ဘုရားဆင်းသက်

ရွေးချယ်ခံတန်ဆာများ၌

အဆုံးမဲ့ဘဏ္ဍာကို ဖြည့်ပေး

အစဉ်သုံးလည်း မကုန်ခန်း

လက်တော်ဖြင့် ထက်ရပ်ဘုန်းတော်ကို

တန်ဆာ၌ ဖြည့်ပေးတော်မူ

မေတ္တာကြွယ်ဝခြင်းများဖြည့်ရန်

စိတ်နှလုံးအစဉ်တောင့်တ။

Verse 3

ပျက်စီးခြင်းစုံစမ်းသွေးဆောင်လည်း

ဘုန်းတော်ဖြင့် သင့်ကိုခေါ်နေ

အလွတ်တန်ဆာ ကိုယ်တော်မြင်စေ

စပျစ်ပင်၌ အခက်တည်

လောက၏ ထင်မြင်သေးတန်ဆာ

အားနည်း၊ ဆင်းရဲ၊ အခြေမဲ့

စိတ်တော်ဆောင်ခြင်းသည် ဆုလာဘ်မြတ်

မျက်နှာတော်သည် ကောင်းချီးဖြစ်။

Verse 4

အလွတ်ဖြစ်ခြင်း၊ နိမ့်ကျခြင်းမှာ

လူသူမသိမမြင်ရာ

ဘုရားအဖို့ သန့်ရှင်းတန်ဆာ

ခရစ်တော်သ ာပြည့်ဝရာ

ဘုန်းတော်ကို မြေကြီးရာမနိုင်

အလင်းကို အတ္တမနိုင်

အံ့ဖွယ်ဝတ္ထုကို ကြားပြောမည်

ကိုယ်တော့်ကို ဖြည့်ခံပါလေ။

Hymn details

စာသား: Frances Bevan

သံစဉ်: Annie F. Harrison

Meter: 8.7.8.7.D.

Key: Eb Major

Time: 2/4

Audio