M344E585KC344MT344

အိုငြိမ်းဖွယ်ရာ မြတ်မင်္ဂလာ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - နောက်တော်လိုက်ခြင်း

21

Verse 1

အိုငြိမ်းဖွယ်ရာ မြတ်မင်္ဂလာ

ငါပြုမူတိုင်း ငါသွားလေရာ

သခင်ယေရှု စောင့်ထိန်းမူလေ

လက်ရုံးတော်ပင် ငါ့လက်ကိုင်ပေ။

chorus

ပို့ဆောင်တော်မူသော ကျေးဇူးရှင်

ပို့ဆောင်မူပါ ကာလအစဉ်

သစ္စာရှိစွာ နောက်တော်လိုက်မည်

ပို့ဆောင်တော်မူသောကြောင့်ပေတည်း။

Verse 2

မှောင်မိုက်ဆင်းရဲ ခံနေရလျှင်

ဒုက္ခလမ်းပင် သက်သာထွန်းလင်း

စိတ်ပျော်စိတ်အေး ကိုယ်တော်မြတ်သည်

ငါ့ကို အစဉ်ပို့ဆောင်မူ၏။

chorus

ပို့ဆောင်တော်မူသော ကျေးဇူးရှင်

ပို့ဆောင်မူပါ ကာလအစဉ်

သစ္စာရှိစွာ နောက်တော်လိုက်မည်

ပို့ဆောင်တော်မူသောကြောင့်ပေတည်း။

Verse 3

အိုပြစ်ရှိသူ၊ ဝန်လေးလူသား

စိတ်ငြိမ်းချမ်းသာ ခံစားလိုငှာ

ကိုယ်ပြစ်ကိုမြင် ကိုယ်ကိုပယ်ငြင်း

လက်တော်ဆွဲလျက် ယုံကြည်အစဉ်။

chorus

ပို့ဆောင်တော်မူသော ကျေးဇူးရှင်

ပို့ဆောင်မူပါ ကာလအစဉ်

သစ္စာရှိစွာ နောက်တော်လိုက်မည်

ပို့ဆောင်တော်မူသောကြောင့်ပေတည်း။

Verse 4

မကြားမမြင် ငါတို့များသည်

သေခြင်းမြစ်ကမ်းအမှန်ရောက်မည်

ထိုသို့ဖြစ်လျှင် ကူးစိမ့်သောငှာ

ပို့ဆောင်အရှင် ယေရှုကိုးစား။

chorus

ပို့ဆောင်တော်မူသော ကျေးဇူးရှင်

ပို့ဆောင်မူပါ ကာလအစဉ်

သစ္စာရှိစွာ နောက်တော်လိုက်မည်

ပို့ဆောင်တော်မူသောကြောင့်ပေတည်း။

Hymn details

စာသား: Joseph Henry Gilmore

သံစဉ်: William Batchelder Bradbury

Meter: 8.8.8.8.D.

Key: C Major

Time: 4/4

Audio