M343E584KC343MT343

ယေရှုရှင်ပါတော်မူလျှင် သွားလေရာရာ

ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - နောက်တော်လိုက်ခြင်း

21

Verse 1

ယေရှုရှင်ပါတော်မူလျှင် သွားလေရာရာ

မြေကြီးပေါ်မှာ လမ်းကိုပြရာ လိုက်နိုင်ပါ

ဝမ်းမြောက်ခြင်းများ ကိုယ်တော်မရှိလျှင်ကွယ်သွား

ယေရှုရှင်နှင့် သွားလေရာရာမကြောက်ပါ။

chorus

သွားလေရာရာရပ်မှာ၊

ကြောက်ခြင်းကင်းနိုင်ရာ

ယေရှုရှင်နှင့် သွားလေရာရာလိုက်နိုင်ပါ။

Verse 2

ချစ်မိတ်ဆွေများသည် ကျွန်ုပ်ကိုစွန့်သော်လည်း

သွားလေရာရာ ယေရှုရှင်သည်စဉ်ပါမည်

ကြမ်းသောလမ်းကိုလျှောက်သွားရန် ပို့ဆောင်သော်လည်း

သွားလေရာရာချီးမွမ်းရာ အိမ်တော်မြတ်တည်း။

chorus

သွားလေရာရာရပ်မှာ၊

ကြောက်ခြင်းကင်းနိုင်ရာ

ယေရှုရှင်နှင့် သွားလေရာရာလိုက်နိုင်ပါ။

Verse 3

ပတ်ဝန်းကျင်မှာ မှောင်မိုက်သည်ကျလာသောခါ

ယေရှုရှင်ရှိခဲ့လျှင် ကျွန်ုပ်အိပ်နိုင်သည်

သက်တာခရီးဆုံးမှာ နိုးလာသောအခါ

ယေရှုရှင်နှင့်ရှိလျှင် အိမ်တော်သာယာတည်း။

chorus

သွားလေရာရာရပ်မှာ၊

ကြောက်ခြင်းကင်းနိုင်ရာ

ယေရှုရှင်နှင့် သွားလေရာရာလိုက်နိုင်ပါ။

Hymn details

စာသား: Jessie Brown Pounds

သံစဉ်: Daniel Brink Towner

Meter: 11.11.11.11. with chorus.

Key: C Major

Time: 6/8

Audio