နှုတ်ကပတ်အလင်းတွင်
ခရစ်တော်ကို တွေ့ကြုံခံစားခြင်း - ကိုယ်တော့်ကို နာခံခြင်း
Verse 1
နှုတ်ကပတ်အလင်းတွင်
သခင်နှင့် လျှောက်သွားစဉ်
ငါတို့လမ်း ဘုန်းထွန်းလင်းစေမူသည်
ကောင်းသောအလို လုပ်ဆောင်
ကိုယ်တော်အတူရှိမည်
ကိုးစား နားထောင်သူ အားလုံး၌ တည်။
chorus
ကိုးစားနားထောင်
ခြားသောလမ်း ရှာမတွေ့
ယေရှု၌ ချမ်းသာရအောင်၊
ကိုးစားနားထောင်ရလေ။
Verse 2
အရိပ်များ နိုးထလည်း
ကောင်းကင်မိုးတိမ်ထူလည်း
အပြုံးတော်သည် ချက်ချင်း ဖယ်ရှားပေး
သံသယ၊ ကြောက်ရွံ့ခြင်း
သက်ပြင်းချခြင်း၊ မျက်ရည်
ကိုးစားနားထောင်စဉ် ပျောက်ကွယ်အဝေး။
chorus
ကိုးစားနားထောင်
ခြားသောလမ်း ရှာမတွေ့
ယေရှု၌ ချမ်းသာရအောင်၊
ကိုးစားနားထောင်ရလေ။
Verse 3
ငါတို့၏လေးသောဝန်
ဆင်းရဲဒုက္ခခံလည်း
ကိုယ်တော်သည် ကြွယ်ဝစွာ ဆပ်ပေး၏
ဝမ်းနည်းခြင်း၊ ဆုံးရှုံးခြင်း
စိတ်ပျက်၊ ကားတိုင်ထမ်းလည်း
ကိုးစားနားထောင်လျှင် ကောင်းချီးခံရ။
chorus
ကိုးစားနားထောင်
ခြားသောလမ်း ရှာမတွေ့
ယေရှု၌ ချမ်းသာရအောင်၊
ကိုးစားနားထောင်ရလေ။
Verse 4
နှစ်လိုဖွယ် မေတ္တာတော်
သက်သေပြနိုင်ဖို့ရာ
ရှိသမျှ ယဇ်ပလ္လင်ပေါ် တင်ထား
ကိုယ်တော်ကျေးဇူးပြသ
ဝမ်းမြောက်ခြင်းဖြင့် မစ
ကိုးစားနားထောင်သူ အားလုံးထံသို့။
chorus
ကိုးစားနားထောင်
ခြားသောလမ်း ရှာမတွေ့
ယေရှု၌ ချမ်းသာရအောင်၊
ကိုးစားနားထောင်ရလေ။
Verse 5
ချိုမြိန်မိတ်ဖွဲ့ခြင်း၌
ခြေတော်ရင်း၌ ထိုင်လျက်
ကိုယ်တော်အနား လမ်းတော်၌ လျှောက်မည်
မိန့်မှာသမျှ လုပ်ဆောင်
စေလွှတ်ရာသို့ သွားမည်
မကြောက်ဘဲ ကိုးစားလျက် နားထောင်မည်။
chorus
ကိုးစားနားထောင်
ခြားသောလမ်း ရှာမတွေ့
ယေရှု၌ ချမ်းသာရအောင်၊
ကိုးစားနားထောင်ရလေ။
Hymn details
စာသား: John Henry Sammis
သံစဉ်: Daniel Brink Towner
Meter: 6.6.9.6.6.9. with chorus.
Key: F Major
Time: 3/4
Audio